အိန္ဒိယ ပဲမျိုးစုံထုတ်လုပ်မှု ယခင်နှစ်ထက် ၉ ဒသမ ၆၉ ရာခိုင်နှုန်း ကျဆင်းနိုင် အိန္ဒိယ မိုးပဲမျိုးစုံထုတ်လုပ်မှုဟာ ယခင်နှစ်က တန်ချိန် ၇ ဒသမ ၁၂ သန်းရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပဲစင်းငုံ ထုတ်လုပ်မှုက ယခင်နှစ်ပမာဏခန့် ထွက်ရှိနိုင်ပေမဲ့ ပဲတီစိမ်းကတန်ချိန် ၂၁ ဒသမ ၀၃ ရာခိုင်နှုန်း ခန့်နဲ့ မတ်ပဲကတန်ချိန် ၁၆ ဒသမ ၄၃ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယခုနှစ်အတွက် ပဲထုတ်လုပ်မှုကို ပထမအကြိမ်ခန့်မှန်းမှုနဲ့ ယခင်နှစ် စတုတ္ထအကြိမ် ခန့်မှန်းထွက် ရှိမှုရဲ့ အပြောင်းအလဲကို ဖော်ပြလိုက်ပါတယ် တန်ချိန်သန်းပေါင်းပဲအမျိုးအစား ၂၀၁၀-၁၁ ၂၀၁၁-၁၂ ပြောင်းလဲမှု (စတုတ္ထအကြိမ်ခန့်မှန်း) (ပထမအကြိမ်ခန့်မှန်း)ပဲစင်းငုံ ၂ .၈၉ ၂ .၉ ၀ .၃၅မတ်ပဲ ၁ .၄ ၁ .၁၇ - ၁၆ .၄၃ပဲတီစိမ်း ၁ .၅၂ ၁ .၂ - ၂၁ .၀၅စုစုပေါင်း ၇ .၁၂ ၆ .၄၃ - ၉ .၆၉ယမင်းခင်၊ Source: nns commodityonline
Background