စစ်တွေနယ်စပ်မှ ရေထွက်ကုန် တန် ၁၈၀ ကျော် အပို့ရှိ စစ်တွေနယ်စပ်မှ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့မှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၇၉ သန်း တန်ဖိုးရှိ ရေချိုငါး ၁၆၇ တန်ကျော်၊ ကန်ဒေါ်လာ ၀ ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ငါးနီတူ ခြောက် ၁၄ တန် ၊ စုစုပေါင်း ၁၈၁ တန် တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၅၇၃ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရေထွက်ကုန်တင်ပို့မှု မရှိဘဲ ယခုအပတ်မှာ ရေထွက်ကုန် ရေချိုငါး ၊ ငါးနီတူခြောက်၊ တင်ပို့လာတာတွေ့ရပါတယ်။ ရေထွက်ကုန်ပစ္စည်းများရဲ့ မိမိဘက်မြေပြင်ပေါက်ဈေးများကတော့ ရေချိုငါး ၁ တန် ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိဈေးနဲ့ ငါးနီတူခြောက် ၁ တန် ဒေါ်လာ ၁၃၉၀ ဈေးပေါက်လျက်ရှိပြီး ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်းသိရပါတယ်။ တင်တင်ထွန်း တင်တင်ထွန်း(MIRT )
Background