ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထိုင်းနိုင်ငံတွင်းပိုမိုဝင်ရောက် ထိုင်းနိုင်ငံ အကြီးစားလုပ်ငန်းဌာန ဥက္ကဌနန်းမွန်းထား ပရနွမ်တွန်ရဖန်က အာဆီယံစီးပွားရေး အသိုက်အဝန်း (ဗနဃ)ကိုလက်ခံနိုင်ရန် နယ်စပ်ဒေသတစ်လျှောက်၌ အကြီးစားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား ရေးဆွဲထား ကြောင်း ပြောကြားခဲ့ပါတယ်။ နယ်စပ်ဒေသ ခရိုင်များဖြစ်တဲ့ ကန်ချနာဘူရီ၊ မဲဆောက်၊ တပ်ခ်၊ ချင်းရိုင်း အပါအဝင် အရှေ့ မြောက်ပိုင်းရှိ နယ်စပ်ဒေသ၊ တောင်ပိုင်း နယ်စပ်ဒေသ ၃ ခုခရိုင်တို့မှာ အကြီးစားလုပ်ငန်း ထူထောင်နိုင်ရေး စဉ်းစားဆုံး ဖြတ်ပေးရန် အစိုးရအဖွဲ့ထံ တင်ပြထားကြောင်းနဲ့ ဂျပန်၊ တရုတ်နဲ့ ဥရောပနိုင်ငံများက ဝင်ရောက်ပြီး ပိုမိုရင်းနှီးမြှုပ်နှံ နိုင်မယ်လို့ခန့်မှန်းလျက်ရှိပါတယ်။ အဓိကအားဖြင့် ကားနဲ့ ကားအပိုပစ္စည်း၊ အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်ရေးလုပ် ငန်းများဖြစ်နိုင်ကြောင်း၊ တစ်ပြိုင်နက်တည်း နယ်စပ်ဒေသ မှာ အကြီးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ မှာ အိမ်နီးချင်းနိုင်ငံမှ နိုင်ငံခြားသားအလုပ်သမားများ လုပ် အားကို အသုံးပြုခြင်းဖြင့် ကုန်ထုတ်လုပ်မှုစရိတ်များသက်သာ စေမယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံတစ်နိုင်ငံလုံးက အကြီးစား လုပ်ငန်း ၃၀၀၀ အား လေ့လာဆန်းစစ်ချက်အရ အစိုးရအဖွဲ့ ရဲ့ အနိမ့်ဆုံးလုပ်အားခ တစ်နေ့ ဘတ် ၃၀၀ သတ်မှတ်ခြင်း ဟာထိခိုက်မှုမရှိကြောင်း၊ အများစုမှာ ဘတ် ၃၀၀ ထက်ကျော် လွန်ပေးချေရသော ကျွမ်းကျင်အလုပ်သမားများကို အသုံးပြု နေကြတဲ့အတွက်လို့သိရပါတယ်။ ဒါပေမဲ့ နောင်အနာဂတ် မှာ ကျွမ်းကျင်လုပ်သားများ ရှားပါးလာနိုင်တဲ့အတွက် အစိုးရ မှ ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာရေး ဆောင်ရွက်ပေး ရန်လိုကြောင်း လာမဲ့နှစ်မှာ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ ကောင်းမွန်လာဖွယ်ရှိကြောင်းနဲ့ ဗနဃ ကြောင့် ဈေးကွက်ကြီး ထွားလာနိုင်မယ်လို့ လုပ်ငန်းရှင်များက သုံးသပ်လျက်ရှိကြ တယ်လို့ သိရပါတယ်။ Source: ထိုင်းရတ်သတင်းစာ၊ ကျော်ဆန်းထွန်း
Background