မိုးတွင်းကာလ တမူးကို ကုန်ဝင်ရောက်မှု လျော့နည်း မိုးတွင်းကာလဖြစ်တဲ့အတွက် သြဂုတ် ၆ ရက်က စပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများမှာ မိုး အဆက် မပြတ် ရွာသွန်းမှုများရှိခဲ့ပြီး မုံရွာ-ဂန့်ဂေါ-ကလေး -တမူး လမ်းမကြီးတစ်လျှောက် လမ်းတံတားပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ပါတယ်။ လမ်းတစ်လျှောက် ရွှံ့ဗွက်တန်းများ ဖြစ်ပေါ်နေမှု ကြောင့် ယာဉ်ကြီးများဖြတ်သန်းရာမှာ အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်း၊ တံတားများ အား ရှောင်ကွင်းသွားရသော ချောင်းဖြတ်ကွင်းများမှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖြတ်သန်း၍ မရခြင်း တို့ကြောင့် ကုန်တင်ယာဉ်များ ဝင်ရောက်မှု နှောင့်နှေးကြန့် ကြာလျက် ရှိနေပါတယ်။ ဒါ့အပြင် မုံရွာ-ဂန့်ဂေါ်-ကလေး လမ်းတစ်လျှောက်တွင်လည်း တန်ပို သယ်ဆောင်မရသဖြင့် ၁၂ ဘီးကားများ လာရောက်မှုမရှိတော့ဘဲ ၈ ဘီး ၊ ၁၀ ဘီး ကုန်တင်ယာဉ်ငယ်များနဲ့သာ တန်ချိန်လျှော့သယ်နေကြရတဲ့ အတွက် တမူးနယ်စပ်သို့ ကုန်ပစ္စည်း ဝင်ရောက်မှု လျှော့နည်း လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။ Source: နကသ၊ MIRT (DOBT)
Background