နယ်စပ်မှ ပရဆေးအပို့ပို စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၆၁၆ သန်းတန်ဖိုးရှိ ပရဆေး ၄၀၃ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၈၅ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ယခုအပတ်နယ်စပ်မှ အပို့ရှိတဲ့ ပရဆေး ကုန် ကြမ်းတွေကတော့ နနွင်းတက် (ရှမ်းစ)၊ မိကျောင်း ကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ ကွမ်းစားဂမုန်း၊ ဝဥခြောက်၊ ငရုတ် ကောင်း၊ ရွေးရွက်၊ အုံတုံခေါက်၊ ALOSE (မုတ်ခါး) ၊ ဆေးမြင်းခွာ၊ မာလာဥ၊ ဒရင်ကောက်မြစ်၊တောဂျင်း၊ ကြောင်လျာစေ့၊ တောဂျူးမြစ်နဲ့ တောင်လုံးကျော်တို့ဖြစ်ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက် (ရှမ်းစ)၊ ကြောင်ပန်းစေ့တို့ အပို့ပိုပြီး ယခင်အပတ်က တင်ပို့ခဲ့ခြင်းမရှိတဲ့ ဝဥခြောက်၊ ငရုတ်ကောင်း၊ ရွေးရွက်၊ မုတ်ခါး၊ ဆေးမြင်းခွာ၊ မာလာဥ၊ ဒရင်ကောက်မြစ်တို့ကိုတော့ ယခုအပတ်မှာ အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ သွင်းကုန်အနေနဲ့ကတော့ တမူးနယ်စပ်မှ ကန် ဒေါ်လာ သုညဒသမ ၀၀၀၅ သန်း တန်ဖိုးရှိ တောင်လုံးကျော် ၂ တန်သာ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁ တန် ပိုသွင်းခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
Background