ချင်းရွှေဟော်မှ ယခုအပတ် ကဏန်းအရှင် အပို့ရှိ ယခုအပတ် ချင်းရွှေဟော်နယ်စပ်မှလည်း ကဏန်းအရှင် တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ကန်ဒေါ်လာ ၈၇၅၀ တန်ဖိုးရှိ ကဏန်းအရှင် ၂ ဒသမ ၆၁၆ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၉၇၂သန်းတန်ဖိုး ရှိ ငါးရှဉ့် ၃၃၄ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၄၇၃ သန်းတန်ဖိုးရှိ ကဏန်း ၁၅၁ တန်ခန့်၊ ကန်ဒေါ်လာ သုညဒသမ ၂၅၆ သန်းတန်ဖိုးရှိ ရေငန်ငါး မျိုးစုံ တန် ၁၀၀ နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၅၃၆ သန်းတန်ဖိုးရှိ ငါးဆားနယ် ၄၅ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ငါးရှဉ့်နဲ့ ငါး ဆားနယ် အပို့ပိုပြီး ရေငန်ငါးမျိုးစုံ အပို့လျော့ခဲ့ပါတယ်။ ယခု အပတ်မှာ ရေထွက်ကုန်ဈေးများ ကျနေတာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် ကုန်တက်ပိုမိုတဲ့ အခါမျိုးနဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးအတက်အကျ အပြောင်း အလဲရှိတတ်တာ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ကဏန်းနဲ့ငါးရှဉ့် မြေပြင်ဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ငါးရှဉ့် ၂၀၀၁၆၈၀ ၂၃၅၀၆၀၀ ၃၄၈၉၂၀ ၁၅ ၂၆၂၀ ၃၂၂၀ ၆၀၀ ၁၉ကဏန်း (ဂရမ်)၂၅၀ဂရမ်အထက် ၂၇၁၂၂၀၀ ၂၇၇၄၀၀၀ ၆၁၈၀၀ ၂ ၃၅၅၀ ၃၈၀၀ ၂၅၀ ၇၂၀၀-၂၅၀ ဂရမ် ၂၅၅၉၄၀၀ ၂၆၂၈၀၀၀ ၆၈၆၀၀ ၃ ၃၃၃၀ ၃၆၀၀ ၂၇၀ ၇ .၅၁၅၀-၂၀၀ ဂရမ် ၂၄၀၆၆၀၀ ၂၄၈၂၀၀၀ ၇၅၄၀၀ ၃ ၃၁၅၀ ၃၄၀၀ ၂၅၀ ၇ .၃၁၀၀-၁၅၀ ဂရမ် ၂၂၉၂၀၀၀ ၂၃၇၂၅၀၀ ၈၀၅၀၀ ၃ ၃၀၀၀ ၃၂၅၀ ၂၅၀ ၇ .၇MIRT(DOBT)
Background