ယခုအပတ် နယ်စပ်မှ ရော်ဘာ အပို့ ပိုလျက်ရှိ အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ရော်ဘာအဆင့်စုံများ တင်ပို့လျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆၉၈ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၂၂ ဒသမ ၂၄ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၃၅ သန်း တန်ဖိုးရှိ ရော်ဘာဖြတ်စ ၁၄ ဒသမ ၆ တန်အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ရော်ဘာအဆင့်စုံ ၁၅၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ နယ်စပ်အလိုက် ရော်ဘာ တင်ပို့ နိုင်မှုများကတော့ မူဆယ်မှ RSS-3 ၁၉၃ တန်၊MSR-20 တန် ၁၅၀ ကျော်နဲ့MSR-50 ၁၉ တန်ခန့် ၊ ချင်းရွှေဟော်မှ RSS-3 တန် ၆၀ နဲ့MSR-20 တန် ၁၀၀ ၊ မြိတ်မှ RSS-3 တန် ၁၀၀၊MSR-20 တန် ၁၀၀နဲ့MSR-50 တန် ၁၀၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းများရဲ့ ယခုအပတ် ရော်ဘာအဆင့်လိုက်တင်ပို့မှုတွေကတော့ RSS-3 ၃၅၃ တန်၊ MSR-20 ၃၅၀ ကျော်နဲ့MSR-50 ၁၁၉ တန်ခန့်ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာဈေးများ ဖော်ပြပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၄၁၃၈၀၀ ၃၄၁၃၈၀၀ - - ၄၄၆၄ ၄၃၆၃ ၁ ၀ .၀၁RSS - 5 ၃၃၀၀၃၁၉ ၃၃၀၀၃၁၉ - - ၄၃၀၈ ၄၃၀၇ ၁ ၀ .၀၂MIRT (DOBT)
Background