နယ်စပ်မှ ပြောင်းအပို့လည်းပို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့်တစ်ဖက်နိုင်ငံရွှေလီသို့ စက်တင် ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၃၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၇၀၀၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၂၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၀၂ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူးစေ့ ၉၈၂ တန်ကျော်နဲ့ နှံစားပြောင်း ၁၄၃ တန်ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မိမိဘက် မြေပြင်ပြောင်းဈေးများမြင့်တက်နေပြီး တစ်ဘက်နိုင်ငံမှာတော့ပြောင်းစေ့ ဈေးကျပြီး နှံစားပြောင်းဈေး အနည်းငယ် မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၀၂၄၅၇ ၁၉၈၅၉၉ ၃၈၅၈ ၂ ၂၈၅ ၂၈၈ ၃ ၁နှံစားပြောင်း ၂၀၀၁၇၁ ၁၉၆၃၅၇ ၃၈၁၄ ၂ ၃၂၉ ၃၁၃ ၁၆ ၅MIRT (DOBT)
Background