Main menu

Background

သကြားဈေးနှုန်း ထပ်မံမြင့်တက်နိုင်

Sun, 09/25/2011 - 05:20 -- Anonymous (not verified)

သကြားဈေးနှုန်း ထပ်မံမြင့်တက်နိုင်                    ဥရောပနဲ့ ထိုင်းနိုင်ငံရဲ့ သကြားထွက်ရှိမှုက တိုးတက်ဖွယ်ရှိတဲ့တိုင် ဘရာဇီး နိုင်ငံအထွက်လျော့ကျခြင်းကြောင့် သကြားဈေးထပ်မံမြင့်တက်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ သကြားထုတ်လုပ်ပိုလျှံမှုခန့်မှန်းသူ Czarmikow  ကပြောကြားပါတယ်။ ဥရောပမှာ သီးနှံအခြေအနေကောင်းမွန်နေတာကြောင့် ၂၀၁၁-၁၂ မှာ တန်ချိန် ၁၇ ဒသမ ၉ သန်းအထိ တန်ချိန် ၅ သိန်း ပိုထွက်မယ့်အပြင် ရုရှားနိုင်ငံကလည်း တန်ချိန် ၇ သိန်း ပိုမိုမယ်လို့ သကြားကုန်သည်များက ခန့်မှန်းထားပါတယ်။                              ဒုတိယသကြားတင်ပို့မှု အများဆုံးထိုင်းနိုင်ငံက ကြံထုတ်လုပ်မှုတန်ချိန် ၇ သန်း ပိုမိုပြီး တန်ချိန် ၁၀၃ သန်းအထိ ထွက်ရှိနိုင်လို့ သကြားတန်ချိန် ၁၁ ဒသမ ၃ သန်းအထိ တိုးတက်ထွက်ရှိမယ်လို့ဆိုပါတယ်။ ထိုင်းတောင်သူများ ဈေးအမြင့်နဲ့ ရောင်းချရတာကြောင့် စိုက်ဧကတိုးမြင့်ခဲ့သလို ရာသီဥတုကလည်း သင့်တော်တာ ကြောင့် ကြံအထွက် ပိုမိုလာခြင်းဖြစ်တယ်လို့ Czarmikow  ကပြောကြားပါတယ်။                               ဒါပေမဲ့ ထိပ်တန်းထုတ်လုပ်သူ ဘရာဇီးရဲ့ အထွက်လျော့ကျမှုကြောင့် ကမ္ဘာ့သကြားပိုလျှံမှုက တန်ချိန် ၅ သန်း- ၅ ဒသမ ၃ သန်းခန့် ကျဆင်းဖွယ်ရှိတယ် လို့ ဆိုပါတယ်။ ဒီလိုအထွက်တိုးပေမယ့် ဥရောပနဲ့အိန္ဒိယတို့က ရာသီဥတုကြောင့် သီးနှံအထွက်ကျဆင်းမယ်ဆိုရင် ၃ နှစ်ဆက်တိုက် ကမ္ဘာ့သကြားမလုံလောက် မှုကြောင့် ကမ္ဘာ့သိုလှောင်မှုကို ဖြည့်ဆည်းဖို့ မလုံလောက်နိုင်ဘူးလို့ဆိုပါတယ်။                             စက်တင်ဘာ ၁၄ ရက် သကြားဈေးဟာ တစ်ပေါင်ကန်ဒေါ်လာ ၃၀ ဆင့် (တစ်တန် ကန်ဒေါ်လာ ၆၆၁) နဲ့ အမြင့်မှာပဲရှိနေသေးတယ်လို့ Czarmikow က ထပ်လောင်း ပြောကြားပါတယ်။                           ဘရာဇီးနိုင်ငံမှာ ရာသီဥတုခြောက်သွေ့ခြင်း၊ ဇူလိုင်လအစပိုင်းမှာ အလွန် အေးခြင်းနဲ့ ပျမ်းမျှကြံသက်တမ်း ကလည်း ၄ ဒသမ ၁ နှစ်ခန့်ရောက်ရှိလို့ အထွက် နှုန်းကျဆင်းနိုင်ခြင်းအပါအဝင် ဘရာဇီးကြံအထွက်လျော့ကျခြင်းနဲ့ ရင်ဆိုင်ရတာ ကြောင့် ကြံတန်ချိန် ၇၇ သန်းလျော့ကျပြီး တန်ချိန် ၄၉၈ သန်းမှ သကြားတန်ချိန် ၃၇ ဒသမ ၈ သန်းသာ ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နယူးယောက်မှာ အောက်တိုဘာလပို့ရမယ့်သကြားကြမ်းဈေးဟာ ၀ ဒသမ ၀၁ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၉ ဒသမ ၄၂ ဆင့် (တစ်တန်ကန်ဒေါ်လာ ၆၄၈) ယမင်းခင်၊Source: agrimoney.com