Main menu

Background

ကလေးတက္ကသိုလ်များအနီးရှိ အိမ်ခြံမြေများ ဈေးကောင်းရလာ

Sun, 09/25/2011 - 06:13 -- Anonymous (not verified)

ကလေးတက္ကသိုလ်များအနီးရှိ အိမ်ခြံမြေများ ဈေးကောင်းရလာ                     ကလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်အနီးရှိ အိမ်ခြံမြေများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘော်ဒါဆောင် ဆောက်လုပ်နေပြီဖြစ်တဲ့အတွက် မြေဈေးများ တန်ဖိုးးမြင့်လာကြောင်းသိရပါတယ်။ အရင်ကတော့ မြေဈေးက ခပ်အေးအေးပါ။ အခုတစ်လ၊ နှစ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ဘောဒါဆောင်ဆောက်ဖို့ မြေကွက်များ လာရောက်ဝယ်ယူမ ှုရှိလို့ မြေဈေးကောင်းလာတာပါ။ အရင် သိန်း ၅၀ တန်ဖိုးရှိတဲ့မြေကွက်က အခုသိန်း ၈၀ လောက်ရောက်လာတယ်လို့ တက္ကသိုလ် အနီးက မြေကွက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။                   ကလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသား ၅၀၀၀ ခန့်နဲ့ နည်းပညာတက္ကသိုလ်မှာ ကျောင်းသား ၂၀၀ ခန့်ရှိနေပြီး၊ ကျောင်းသားကျောင်းသူများ သွားလာမှုလွယ်ကူစေရေးနဲ့ ကျောင်းဖယ်ရီကားကိစ္စ အဆင်ပြေစေရန် သြဂုတ်လ ၁၆-၁၇ ရက်နေ့က တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှာကြားမှုအပေါ် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားမှုရှိကြပြီး တက္ကသိုလ် နှစ်ခုအနီးရှိမြေကွက်များ ဝယ်ယူပြီး ဘော်ဒါဆောင်များ ဆောက်လုပ်လာကြတဲ့အတွက် ယခုအခါ ဘော်ဒါဆောင် ၂၀ ခန့်ရှိလာကြောင်း သိရပါတယ်။ အောင်မင်း