Main menu

Background

အိန္ဒိယနနွင်း ဈေးမာ

Sun, 10/02/2011 - 06:23 -- Anonymous (not verified)

အိန္ဒိယနနွင်း ဈေးမာ                အိန္ဒိယနနွင်းလက်ငင်းဈေးကွက်များအတွင်း နနွင်းတောင်သူများမှ နနွင်းသယ်ယူရောင်းချမှု နည်းတာကြောင့် စက်တင်ဘာ ၂၈ ရက်မှာ နနွင်းတစ်တန် ရူပီး ၂၅၀၀ မှ ၆၀၀၀ (ကန်ဒေါ်လာ ၅၁ - ၁၂၃) ထိမြင့်တက်လာခဲ့ပါတယ်။ တောင်သူတွေက ကုန်ပစ္စည်းများများ ဈေးကွက်အတွင်းဝင်ရောက်ရင် ဈေးလျော့ကျတဲ့အတွက် အနည်းငယ်စီသာ ထုတ်ရောင်းလာကြတဲ့အတွက် ဈေးမြင့်တဲ့ အကျိုးရရှိလာခြင်းဖြစ်တယ်လို့ အီရော့ နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာ ကဆိုပါတယ်။ ဈေးအနည်းငယ် တိုးလာလို့ တောင်သူတွေပျော်နေပေမဲ့ ကုန်သည်တွေကတော့ အိန္ဒိယမြောက်ပိုင်းက ကုန်သည်တွေရဲ့ အမှာအသစ်များကို စောင့်မျှော်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။                  နနွင်းအိတ် ၄၆၀၀ ဝင်ရောက်တဲ့အနက် ၆၀-၇၀ ရာခိုင်နှုန်းခန့် ရောင်းချရတယ်လို့ ဆိုပါတယ်။ ခုလို ဈေးတက်ခြင်းဟာ ယာယီမျှသာဖြစ်ပါတယ်။ အောက်တိုဘာလကုန်ထိ ခုလိုအတက်အကျ အနည်းငယ်သာ ရှိနိုင်ပြီး ထုတ်လုပ်မှုများတာကြောင့် မနှစ်ကလို ဈေးများများတက်နိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ဒီနှစ်က မနှစ်ကထက် ထုတ်လုပ်မှု ပိုမိုမြင့်တက်မယ်လို့လည်း မစ္စတာ ရာဗီရှန်ကာ ကထပ်လောင်း ပြောကြားပါတယ်။                 အရည်အသွေးကောင်း နနွင်းဝင်ရောက်မှုကြောင့် ဈေးကွက်ထိန်းသိမ်းရေးကော်မတီဝင်းမှာ နနွင်းတစ်တန် ရူပီး ၆၀၀၀ (ကန်ဒေါ်လာ ၁၂၃) မြင့်တက်ခဲ့ပြီး အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်း လက်ချောင်းဈေး တစ်တန် ရူပီး ၃၅၀၉၀-၄၇၆၆၀ (ကန်ဒေါ်လာ ၇၁၇-၉၇၅) ၊ နနွင်းဥဈေးက ရူပီး ၃၃၁၀၀-၄၂၆၆၀ (ကန်ဒေါ်လာ ၆၇၇-၈၇၂) ဈေးဖြစ်ခဲ့ တယ်လို့ သိရပါတယ်။   ယမင်းခင်၊Source: businessline