ဈေးကောင်းပြီး အရောင်းသွက် ပြည်ကြက်သွန်နီဈေးကွက် ရေနံချောင်းနဲ့ ပခုက္ကူဘက်မှ ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်သို့ ၃၅ ပိဿာဝင် အိတ် ၂၀၀၀ ခန့်နဲ့ အဝင်များလျက်ရှိနေပါတယ်။ အဝင်လည်းများသလို အရောင်းအဝယ်မှာလည်း ဈေးကွက် အတွင်း လက် ကျန် အိတ်၃၀၀ ခန့်သာကျန်ရှိတဲ့အတွက် အရောင်းသွက်နေတယ်လို့ သိရပါတယ်။ ကြက်သွန်နီ ဈေးမှာ ပြီးခဲ့တဲ့ သြဂုတ် လ တတိယပတ်မှစပြီး တဖြည်းဖြည်းဈေးမြင့်လာခဲ့ရာ လှောင်လက်သမားအချင်းချင်းကပင် ဈေးအရမ်းမြင့်သွားလျှင် လက် ကျန် ရှိနေအောင် အဝင်ကို အဟောင်းအသစ်ဖလှယ်ပြီး အရောင်းအဝယ်ပြုလုပ်လျက် ရှိတဲ့အတွက် အရောင်းသွက် နေတာဖြစ်ကြောင်းသိရပါတယ်။ ဈေးကွက်ရှိပွဲရုံများ၌ လှောင်လက်သမားများ၊ လက်လီ၊ လက်ကားရောင်းဝယ်သူ များနဲ့ အခြားတိုင်းဖြစ်သော ဟင်္သာတ၊ အင်ပင်၊ တောင်ကုတ်၊ သံတွဲစတဲ့မြို့များသို့ တင်ပို့မှု အပါအဝင် ယခုတစ်ပတ် အတွင်းပိဿာချိန် ၅၉၀၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး တစ်ပိသာလျှင် ကြက်သွန်နီ (ရှယ်) ၁၀၀၀ ကျပ်၊ (ကြီး) ၈၅၀ကျပ်၊ (လတ်စ) ၇၅၀ ကျပ်၊ (သေး) ၆၀၀ ကျပ်တို့နဲ့ အသီးသီးဈေးကောင်းရလျက်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။ ဝင်းလဲ့ဝါ
Background