Main menu

Background

ရွှေကို လုံခြုံစိတ်ချရတဲ့ အမာခံပစ္စည်းအဖြစ် သဘောထားမှု လျော့ပါးလာ

Sun, 10/02/2011 - 06:34 -- Anonymous (not verified)

ရွှေကို လုံခြုံစိတ်ချရတဲ့ အမာခံပစ္စည်းအဖြစ် သဘောထားမှု လျော့ပါးလာ                      ဒေါ်လာငွေကြေး ခိုင်မာလာပြီး ရင်းနှီးမြှုပ်နှံသူတို့အတွက် အကျိုးဖြစ် ထွန်းလာပြန်သဖြင့် ဤအခြေအနေက ရွှေဈေးနှုန်းအပေါ် အကျိုးသက်ရောက်မှု ရှိစေခဲ့ပါတယ်။ ဒါကြောင့် အာရှဈေး ကွက်မှာ စက်တင်ဘာ ၂၉ ရက်က ရွှေဈေးနှုန်းတွေ ထပ်မံကျဆင်းခဲ့ပါတယ်။ချက်ချင်းဖြန့်ဖြူးရတဲ့ ရွှေဈေးက စင်ကာပူ စံတော်ချိန် ည ၁၂ နာရီ ၃၀ မိနစ်မှာ တစ်အောင်စကို ၁၆၂၀ ဒသမ ၈၄ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။ နယူးယောက်ဈေး ကွက် Comex  ဌာနခွဲမှာ အမေရိကန်ရွှေ တစ်အောင်စ ဈေးနှုန်းက ၁၆၀၉ ဒသမ ၀၄ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။                       ကြွေးမြီအကျပ်အတည်း အေးရာအေးကြောင်းဖြစ်ဖို့အတွက် ဥရောပရဲ့ ကြိုး စားမှုတွေက မရေမရာရှိနေဆဲအချိန်မှာ ရင်းနှီးမြှုပ်နှံသူတို့က ဒေါ်လာဘက်တွင် ပါနေဆဲဖြစ်သဖြင့် ရွှေဈေးဟာ ဆက်လက်ကျဆင်းနိုင် တယ်လို့ ဝေဖန်ဆန်းစစ်သူ တွေကပြောပါတယ်။ ဒေါ်လာခိုင်မာလာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု အစားထိုးပစ္စည်း အဖြစ် ရွှေရဲ့ဝယ်လိုအား ကျဆင်းလာပါတယ်။ ထို့ပြင် ကမ္ဘာ့စီးပွားရေးတန့်နေနိုင် တယ်ဆိုတဲ့ အဆိုတွေကြောင့် ရှယ်ယာတွေနဲ့ ကုန်ကြမ်းဈေးတွေ ကျဆင်းခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးကို ဥရောပကြွေးမြီပြဿနာကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်နိုင် တယ်လို့ ပူပန်နေမှုတွေကလည်း အာရှမှာ ရှယ်ယာဈေးကွက်တွေ ကျဆင်းစေခဲ့ပါတယ်။                           စက်တင်ဘာဆန်းပိုင်းက အမြင့်ဆုံးလို့ ဆိုနိုင်မဲ့ ရွှေတစ်အောင်စ ၁၉၂၀ ဒေါ်လာကနေ စက်တင်ဘာ ၂၆ ရက်မှာ တစ်အောင်စကို ၁၅၃၄ ဒသမ ၄၉ ဒေါ်လာနှုန်းရှိခဲ့ရာ ယခုလအတွင်းမှာ ရွှေဈေးက ထူးထူးခြားခြား ပြုတ်ကျခဲ့ရ ပါတယ်။ ဉာဏ်တင်၊Source.Commodityonline.com