Main menu

Background

ပြည်ပဝယ်လိုအားတိုးလာခြင်း၊ ပဲပုပ်ဆီဈေးပြန်တက်လာခြင်းတို့ကြောင့် စားအုန်းဆီကြမ်းဈေး ကျဆင်းမှု နှေးကွေးလာဖွယ်ရှိ

Sun, 10/02/2011 - 06:52 -- Anonymous (not verified)

ပြည်ပဝယ်လိုအားတိုးလာခြင်း၊ ပဲပုပ်ဆီဈေးပြန်တက်လာခြင်းတို့ကြောင့် စားအုန်းဆီကြမ်းဈေး ကျဆင်းမှု နှေးကွေးလာဖွယ်ရှိ                       ယခုလအစပိုင်းမှာ ပြည်ပတင်ပို့မှု သိသိသာသာကျဆင်းခဲ့ရာမှ ယခုတင်ပို့မှု ပြန်တိုးတက်ဖွယ်ရှိလာပြီး၊ ချီကာကို ပဲပုပ်ဆီဈေး ပြန်တက်လာခြင်းတို့ကြောင့် စက်တင်ဘာ ၂၉ ရက် မလေးရှား ဘာစာကုန်စည်ဒိုင် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး ကျဆင်းမှုနည်းလာတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ စာချုပ်ဈေးဟာ အစော ပိုင်းကရင်းဂစ် ၂၈၅၀ (ကန်ဒေါ်လာ ၈၉၂)ထိအောင် ၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်း ခဲ့လို့ ၂၀၁၀ အောက်တိုဘာလ ၈ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် စက်တင်ဘာလ ၂၉ ရက် ဈေးအပိတ်မှာတော့ သုည ဒသမ ၄ ရာခိုင်နှုန်းသာ လျော့ကျပြီး ရင်းဂစ် ၂၈၉၈ (ကန်ဒေါ်လာ ၉၀၇)ဈေးဖြစ်ခဲ့ တယ်လို့ သိရပါတယ်။                        ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ သုညဒသမ ၂ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ၅၁ ဒသမ ၈၅ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၁၄၃) ဈေးဖြစ်ခဲ့ပါတယ်။ စားအုန်းဆီဈေးကွက်က ယခုအခါ အကျတန့်ပါပြီလို့ စင်ကာပူ အခြေစိုက် Commodity Links Pte  မှ ဒါရိုက်တာ Vijay Mehtha  ကဆိုပါတယ်။ရင်းနှီးမြှုပ်နှံသူများဟာ ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ မရေရာတဲ့ ဥရောပ ဇုန်ကြွေးမြီကိစ္စအပေါ် စိုးရိမ်မှုများ ကြီးမားနေတာကြောင့် ယခုတစ်ပတ် အတွင်း စားအုန်းဆီဈေးကွက်က တစ်တန် ရင်းဂစ် ၃၀၀၀(ကန်ဒေါ်လာ ၉၃၉)ထိ မြင့်တက်ဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ယခုနှစ်စပိုင်းကစပြီး စားအုန်းဆီ ဈေးဟာ ၂၅ ရာခိုင်နှုန်းလောက် လျော့ကျခဲ့ပါတယ်။                        ဒါပေမယ့် ပြည်ပဝယ်လိုအား ပြန်လည်ကောင်းလာခြင်းနဲ့ စားအုန်းဆီသန့်စင် သူများမှအဝယ်ပြန်တက်လာနိုင်ခြင်းဟာ ဈေးနှုန်းပြန်တက်လာနိုင် တဲ့အနေ အထားရှိပါတယ်လို့ ကွာလာလမ်ပူမှ ဆီအုန်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မလေးရှား နိုင်ငံရဲ့ စက်တင်ဘာလ စားအုန်းဆီတင်ပို့မှုဟာ ပထမ ၁၀ ရက်အတွင်း သိသိသာသာ ကျဆင်းတာကြောင့် ယခင်လထက် ၅ ဒသမ ၇ ရာခိုင်နှုန်းလျော့ကျ ပြီး တန်ချိန် ၁ ဒသမ ၅၃သန်းသာ တင်ပို့ရတယ်လို့ ကုန်စည်စစ်ဆေးတဲ့ အေဂျင်စီ များက ပြောကြားပါတယ်။                              ပြည်ပတင်ပို့မှု တိုးတက်လာရင် ပြည်တွင်းစားအုန်းဆီသိုလှောင်မှု မြင့်တက်ခြင်း လျော့ကျနိုင်ပေမယ့် တစ်ချိန်ထဲမှာပဲ ရိတ်သိမ်းမှုအရှိန်မြှင့်တင်လာတာနဲ့အမျှ ထုတ် လုပ်မှုလည်းသိသိသာသာတိုးတက်ဖွယ် ရှိနေတယ်လို့သိရပါတယ်။ လက်ငင်း ဈေးကွက်မှာ အောက်တိုဘာလအတွက် သန့်စင်ပြီး စားအုန်းဆီ (Palm Olein) ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၂၅ လျှော့ချပြီး ကန်ဒေါ်လာ ၉၉၀ နဲ့ကမ်းလှမ်းခဲ့ပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်း ဈေးက တစ်တန်ရင်းဂစ် ၂၉၆၀ (ကန်ဒေါ်လာ ၉၂၇)ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com