Main menu

Background

်မုံရွာနှမ်း မန်းအဝယ်သွက်လာ

Sun, 10/02/2011 - 07:07 -- Anonymous (not verified)

်မုံရွာနှမ်း မန်းအဝယ်သွက်လာ                   စက်တင်ဘာလကုန်ပတ် မုံရွာကုန်စည်ဒိုင် နှမ်းဈေးကွက်မှာ နယ်ပစ္စည်းအဝင်ရှိသလို မန်းအဆွဲလည်းရှိလို့ အရောင်း အဝယ် သွက်ခဲ့ပါတယ်။ မြောင်နယ်၊ ယောနယ်နဲ့ ချင်းတွင်းမြစ်အနောက်ဘက် ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်က နှမ်းဖြူအဝင်ရှိခဲ့ပြီး၊ ဈေးအနေနဲ့ ယခု တစ်ပတ်အတွင်း တစ်တင်း ၂၃၀၀၀ ကျပ်ထိ အမြင့်ဆုံး ရခဲ့ရာက စက်တင်ဘာ ၂၈ ရက်နေ့မှာ ၂၁၅၀၀ ကျပ်ဈေးထိ တစ်တင်း ၁၅၀၀ ကျပ်ခန့် ကျဆင်းသွားခဲ့ တာတွေ့ရပါတယ်။ ဒေသတွင်း စက်သမားနဲ့ လက်လီသုံး နှမ်းတွေအနက် နှမ်းညို ဟာ တစ်တင်း ၁၉၀၀၀ ကျပ်မှာ တန့်နေပါတယ်။ နှမ်းဝါနဲ့ နှမ်းနီတွေက တစ်တင်း ၁၉၅၀၀ ကျပ်မှာ ဆက်လက်ဈေး ငြိမ်နေပြီး၊ ဆီနှမ်းဈေးလည်း တစ်တင်း ၁၈၀၀၀ ကျပ်ထိ ဈေးအေးလာခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် နယ်ပစ္စည်း ဝင်ရောက်မှုပေါ် မူတည်ကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် တင်း ၁၀၀၀ ဝန်းကျင် အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခု တစ်ပတ်အတွင်း မန္တလေးကို နှမ်းတင်း ၄၀၀၀ ခန့် စီး ဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်