Main menu

Background

မတ်ပဲကို အိတ်စပို့အဆွဲနည်းလို့ ဈေးဆင်းလာ

Sun, 10/02/2011 - 07:15 -- Anonymous (not verified)

မတ်ပဲစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ      ယခင်         ယခု         ပြောင်းလဲမှု၁ ဘုရင့်နောင်           ၁ တန်      ၆၂၈၀၀၀   ၅၉၆၅၀၀၂ မုံရွာ                     ၁ ပိဿာ     ၁၀၂၅       ၉၅၀၃ ပြည်                     ၁ ပိဿာ      ၁၀၀၀      ၉၇၅၄ ဟင်္သာတ              ၁ ပိဿာ        ၉၈၅       ၉၃၅၅ မန္တလေး                ၁ ပိဿာ        ၉၅၀       ၈၈၃မတ်ပဲကို အိတ်စပို့အဆွဲနည်းလို့ ဈေးဆင်းလာ                    ဘုရင့်နောင် ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(RC)ကို ပြည်ပ တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက အိန္ဒိယဈေးကွက်မှာ မြန်မာ့မတ်ပဲဈေး ကျဆင်းနေတဲ့အပေါ် အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင်  ဈေးကျလာပြးီ တစ်တန်ကို ၅၉၆၅၀၀ ကျပ်မှ ၆၁၁၀၀၀ ကျပ်အတွင်း တန် ၇၄၄၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရောင်းလက်များကလည်း တက်ဈေးမှာ အရောင်းများပြီး အခုလိုအိန္ဒိယဘက်မှာ မတ်ပဲဈေး ကျဆင်းလာတဲ့အခါမှာတော့ အရောင်းနည်းသွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန် ကြမ်း)ကို ရန်ကုန်အဆွဲနည်းပြီး မြို့ခံခွဲစက်တွေသာ ဝယ်အားအသင့်အတင့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၈၃ ကျပ်(တစ်တန်ကို ၅၄၀၇၄၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၂၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။မုံရွာဈေးကွက် မှာ မတ်ပဲက ဒေသမျိုးတွေသာ အစိုက်များခဲ့လို့ Export  အရည်အ သွေးမမီသလို ပဲအထွက်လည်းနည်းလို့ ဒေသတွင်းစက်သမားအဆွဲနဲ့သာ မျှတရုံလောက်ရှိတာတွေ့ရပါတယ်။ မုံရွာမြို့ပေါ်ရှိ အကြော် ဖိုတွေအတွက် မတ်ပဲအနှစ်ကြိတ်ခွဲလုပ်ငန်းတွေ တွင ်ကျယ်လျက်ရှိ ပြီး ပဲလက်လီသမားများသာ ပုံမှန်အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၅၀ ကျပ် (တစ်တန်ကို ၅၈၁၇၇၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကြား ရှိခဲ့တယ်လို့ သိရပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက် က ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးကျနေမှုအပေါ် အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေရှိနေသလို ရောင်းလက်ကုန်သည်များကလည်း တက်ဈေးမျှော်ပြီး အရောင်းနည်းခဲ့ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၃၅ ကျပ် (တစ်တန်ကို ၅၇၂၅၈၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားသာဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။