သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လံ ၁ ပိဿာ ၂၁၅၆ ၂၀၆၇နှမ်းဖြူကို အောက်ဈေးနဲ့ တရုတ် အဝယ်ရှိနေ မန္တလေး ဈေးကွက်သို့ မကွေး၊ နတ်မောက်၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ ရေစကြိုဒေသများမှ ထွက်ရှိတဲ့ နှမ်းဖြူတွေ ပုံမှန် ဝင်ရောက်နေပေမယ့် တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီး တစ်ပိဿာကို ၁၆၄၄ ကျပ်(တစ်တန်ကို ၁၀၀၆၇၆၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ နှမ်းဖြူဈေး ကွက်သို့ အဝင်များနေပေမယ့် မန္တလေးဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက် မှာရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၄၃၃ ကျပ် (တစ်တန်ကို ၈၇၇၅၅၄ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှု က နည်းသွားတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ နှမ်းဖြူကို မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၄၉၀ ကျပ်(တစ်တန်ကို ၉၁၂၄၆၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှု နည်းသွားတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၂၀၆၇ ကျပ် (တစ်တန်ကို ၁၂၆၅၈၁၀ ကျပ်)နဲ တစ်ရက်ကို အိတ် ၄၀၀ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။
Background