Main menu

Background

ကုလားပဲဖြူလုံးကြီး ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်

Sun, 10/02/2011 - 07:31 -- Anonymous (not verified)

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်        ရေတွက်ပုံ      ယခင်       ယခု              ပြောင်းလဲမှု၁ ဘုရင့်နောင်           ၁ ပိဿာ      ၁၄၃၀       ၁၄၃၀၂ မန္တလေး                ၁ ပိဿာ      ၁၃၉၇       ၁၃၂၈၃ မုံရွာ                     ၁ ပိဿာ       ၁၃၉၅      ၁၃၀၅၄ ပခုက္ကူ                  ၁ ပိဿာ       ၁၃၉၄      ၁၃၁၅၅ မြင်းခြံ                  ၁ ပိဿာ        ၁၃၀၀      ၁၂၃၅ကုလားပဲဖြူလုံးကြီး ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်                 မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက် က အဝယ်ပြန်အေးသွားသလို မျိုးအတွက် ဝယ်ယူသူများကလည်း အဝယ်နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃၂၈ ကျပ်(တစ်တန်ကို ၈၁၃၂၅၃ ကျပ်)နဲ့နေ့စဉ်အိတ် ၈၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲလက်ကျန်ကလည်း တဖြည်းဖြည်းနည်းလာသလို ဒေသတွင်းစိုက်ပျိုးမယ့် တောင်သူများကလည်း မျိုးအတွက်ပဲ အဝယ်အနည်းငယ်ရှိတာ ကြောင့် အရောင်းအဝယ်က ပုံမှန်ထက်စာရင် နည်းသွားတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။မြင်းခြံဈေးကွက်မှာ ကုလား ပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိသလို ရောင်းသူ ကုန်သည်များကလည်း တက်ဈေးမျှော်ပြီး အရောင်းနည်း နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၂၃၅ ကျပ်(တစ်တန်ကို ၇၅၆၃၀၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့် သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ပခုက္ကူဈေးကွက် မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလိုဝယ်အားပါနည်းသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၃၁၅ ကျပ်(တစ်တန်ကို ၈၀၅၂၉၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀ မှ ၁၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေး ကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၁၃၀၅ ကျပ် (တစ်တန်ကို ၇၉၉၁၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။