ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၄၉၆၀၀၀ ၄၇၃၀၀၀၂ မန္တလေး ၁ ပိဿာ ၇၆၇ ၇၃၃၃ မုံရွာ ၁ ပိဿာ ၇၆၀ ၇၃၅၄ ပြည် ၁ ပိဿာ ၇၅၀ ၇၄၀၅ ပခုက္ကူ ၁ ပိဿာ ၇၇၀ ၇၄၅၆ မြင်းခြံ ၁ ပိဿာ ၇၅၀ ၇၂၀၇ အောင်လံ ၁ ပိဿာ ၇၅၀ ၇၃၀၈ မကွေး ၁ ပိဿာ ၇၇၅ ၇၂၅ပဲစင်းငုံနီကို အိတ်စပို့ အဆွဲနည်းလို့ ဈေးဆင်းလာ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေက အိန္ဒိယဈေးကွက်မှာ မြန်မာ့ပဲစင်းငုံနီဈေး ကျဆင်းနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိသလို ဝယ်အား ပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြးီ တစ် တန်ကို ၄၇၃၀၀၀ ကျပ်မှ ၄၈၇၀၀၀ ကျပ်အတွင်း တန် ၂၀၀၀ ခန့် သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲဈေးကျလာမှု ကြောင့် ရောင်းလက်များ အရောင်းနည်းလာတယ်။ ဝယ်လက်တွေကလည်း ဈေးချအဝယ်ရှိနေတယ်။ ဒါကြောင့် ပဲအရောင်းအဝယ်ဖြစ် မှုပမာဏလည်း ယခင်အပတ်နဲ့စာရင် လျော့နည်းသွားတယ်လို့ ပဲ ကုန်သည်တစ်ချို့က ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီ ကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ ပုံမှန်အဝယ်ရှိသလို ငွေပြန် ပေါ်လိုသောကုန်သည်အချို့ကလည်း အရောင်းရှိနေတာကြောင့် တစ်ပိဿာကို ၇၃၃ ကျပ်(တစ်တန်ကို ၄၄၈၈၈၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဈေးလျော့အဝယ်ရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၂၀ ကျပ် (တစ်တန်ကို ၄၄၀၉၂၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှှိနေတယ် လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၄၅ ကျပ် (တစ်တန်ကို ၄၅၆၂၃၀ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီက လှောင်လက်တွေ ထံမှာ ပစ္စည်းလက်ကျန်တော်တော်များများရှိနေတယ်။ ဒါပေမဲ့ ကြိုက်ဈေးရမှ ထုတ်ရောင်းမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီတစ် ပတ်မှာ ရန်ကုန်ဝယ်လက်ကလည်း ဈေးလျော့အဝယ်ရှိနေသလို ဝယ် အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၃၅ ကျပ်(တစ်တန်ကို ၄၅၀၁၀၆ ကျပ်)နဲ့ အရောင်း အဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။
Background