ပဲတီစိမ်း(အညာ) ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၉၇၄ ၉၄၇ ၂ မန္တလေး ၁ ပိဿာ ၁၀၃၁ ၁၀၂၃ ၃ ပြည် ၁ ပိဿာ ၈၅၀ ၈၅၀ ၄ မကွေး ၁ ပိဿာ ၁၀၃၀ ၉၂၁ ၅ မြင်းခြံ ၁ ပိဿာ ၈၉၀ ၈၆၀ ပဲတီစိမ်း(အညာ) ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်ကအရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေသလို ရောင်းလက် များကလည်း ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်း သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းကြီး တစ်ပိဿာကို အနိမ့်ဆုံး ၈၅၃ ကျပ်(တစ်တန်ကို ၅၂၂၃၆၈ ကျပ်)မှ တစ်ပိဿာ ၁၀၂၃ ကျပ်(တစ်တန်ကို ၆၂၆၄၇၄ ကျပ်)အတွင်းနေ့စဉ် အိတ် ၈၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းဈေးကွက်သို့အဝင်မရှိသလို ပစ္စည်းလက်ကျန်နည်းလာခဲ့ပြီး အရောင်းအဝယ်လည်း အေးနေတယ် လို့ဆိုပါတယ်။ ဈေးကွက်ထဲမှာ လတ်တလောပဲတီစိမ်းကို မျိုးသမား များသာ အဝယ်အနည်းငယ်ရှိတဲ့ရက်တွေမှာ တစ်ရက်ကို အိတ် ၂၀ လောက်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်အဆွဲရှိတဲ့ ရက်တွေမှာ တစ်ရက်ကို အိတ် ၁၀၀ လောက်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးက နယ်ကပစ္စည်းအဝင် မရှိသလို ရှိတဲ့ပစ္စည်းကလည်း အရည်အသွေးမမီလို့ မန္တလေးဝယ် လက်က အဝယ်အနည်းငယ်သာရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျသွားတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၉၄၇ ကျပ် (တစ်တန်ကို ၅၇၉၉၃၃ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲအသစ်ဝင်လာတဲ့ ပဲတီစိမ်းကြီးကလည်း မိုးမိလို့ အရောင် မလှတဲ့ပဲတွေ ပါဝင်နေတာကြောင့် တရုတ်ဝယ်လက် မကြိုက်ဘဲ ဒေသတွင်း ခွဲစက်သမားတွေရဲ့ အဝယ်သာရှိခဲ့တယ်လို့ ပဲကုန်သည် တစ်ဦးကဆိုပါတယ်။
