Main menu

Background

တရုတ်နယ်စပ်စခန်းများမှ အေးခဲအမဲသား၊ ကျွဲသား ကန်ဒေါ်လာ ၁ သန်းကျော်ဖိုး အပို့ရှိ

Sun, 10/02/2011 - 09:26 -- Anonymous (not verified)

တရုတ်နယ်စပ်စခန်းများမှ အေးခဲအမဲသား၊ ကျွဲသား ကန်ဒေါ်လာ ၁ သန်းကျော်ဖိုး အပို့ရှိ                      မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ တစ်ဆင့်တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၃၅၅ သန်းတန်ဖိုးရှိ အေးခဲ အမဲသား၊ကျွဲသား၊ အမဲအကြော၊ အမြီး၊ အမဲခြောက်များ တန် ၄၀၀ ကျော် အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၈ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်မှ အေးခဲအမဲသား ၁၅၅ တန်ခန့်၊ အေးခဲ ကျွဲသား ၁၅၈ တန် ခန့်နဲ့ ချင်းရွှေဟော် မှ အေးခဲအမဲသား ၈၅ တန်၊ အမဲအကြော သုည ဒသမ ၇ တန်၊ အမဲအမြီး သုည ဒသမ ၆၃ တန် နဲ့အမဲခြောက် ၁ဒသမ ၅၉တန်သီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် နယ်စပ်မှ အေးခဲအမဲသား၁၂၇ တန်၊ အေးခဲကျွဲသား ၇၃ တန် အပို့ပိုခဲ့ပြီး အမဲသားခြောက် တင်ပို့မှုကတော့  ၁၂၉ တန်လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က အစာရေမျိုအပို့ရှိပေမယ့် ယခု အပတ်မှာ အပို့မရှိပါဘူး။ ယခုအပတ်မှာ အမဲအမြီးနဲ့ အမဲအကြောများ အပို့ရှိခဲ့ပါတယ်။MIRT(DOBT)