Main menu

Background

စစ်တွေရဲ့ ရေထွက်ပစ္စည်းတင်ပို့မှု တန်ချိန် ၄၁၈ တန်ပို

Sun, 10/02/2011 - 09:28 -- Anonymous (not verified)

စစ်တွေရဲ့ ရေထွက်ပစ္စည်းတင်ပို့မှု တန်ချိန် ၄၁၈ တန်ပို                  စစ်တွေနယ်စပ်မှ စက်တင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့မှုကတော့ ရေချိုငါး ၄၅၈ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၄၀၁ သန်း၊ ရေငန်ပုစွန် ၃ တန် ကျော် တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၀၀၂ သန်းနှင့် ငါးနီတူခြောက် ၃၉ တန်တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၅၄ သန်း၊ စုစုပေါင်း တန်ချိန် ၅၀၀ ကျော် တန်ဖိုး ကန်ဒေါ်လာသန်း သုည ဒသမ ၄၇၅ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၈၂ တန်ကျော်သာ တင်ပို့ နိုင်ခဲ့ပြီး ယခုအပတ်မှာတော့ တန်ချိန် ၄၁၈ တန် ပိုမို တင်ပို့လာနိုင်တာတွေ့ရပါတယ်။ ယခုလို ပိုမိုတင်ပို့လာ နိုင်ခြင်း ဟာ ရေချိုငါးနဲ့ ငါးနီတူခြောက် တင်ပို့မှု ပိုမိုလာ တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။                  ရေထွက်ကုန်ပစ္စည်းများရဲ့ မိမိဘက်မြေပြင်ပေါက်ဈေး များကတော့ ရေချိုငါး ၁ တန် ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိဖြစ်ပြီး ရေငန်ပုစွန် ၁ တန် ဒေါ်လာ ၄၄၀၀ မှ ၁၃၆၀၀ ထိဈေးနဲ့ ငါးနီတူခြောက် ၁ တန် ဒေါ်လာ ၁၃၉၀ ဈေးပေါက်လျက်ရှိပြီး ယခင်အပတ်အတိုင်းဈေးနှုန်း ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ တင်တင်ထွန်း၊(MIRT)