ဓာတ်မြေသြဇာ အဝင်နည်း ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၀၇ ဒသမ ၂၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသောင်းကိုးထောင်ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာ တွေမှာ အီရန်နိုင်ငံမှ ဓာတ်မြေသြဇာ ၈၅ ဒသမ ၂၀ တန်နဲ့ တရုတ်နိုင်ငံမှ ဓာတ်မြေ သြဇာ ၂၂ ဒသမ ၀၇ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်အဝင်မရှိ ခဲ့တဲ့ ဓာတ်မြေသြဇာက ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးရာသီကုန်ဆုံးချိန်မို့ ဓာတ်မြေသြဇာ တင်သွင်းမှုမှာလည်း အားနည်းလာခဲ့ ပါတယ်။MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၂၀၀၀၀ ကျော်အသွင်းရှိ စက်တင်ဘာ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မူဆယ်၊ ရိဒ်၊ ကော့သောင်းနဲ့ စစ်တွေနယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၇၉၁ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၂၀၂၁၄ တန် အသွင်းရှိခဲ့ပြီး ယခင်အပတ်က တင်သွင်းမှုထက် တန် ၁၀၅၀၀ နီးပါး လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၉၈၉၁ တန်၊ ကော့သောင်းမှ တန် ၂၄၀၊ ရိဒ် မှ ၆၃ တန်နဲ့ စစ်တွေမှ တန် ၂၀ အသီးသီးဖြစ်ပါတယ်။ ကော့သောင်းမှ အမိုးနီးယမ်း၊ စစ်တွေမှ ယူရီးယား၊ ရိဒ်မှ ပိုတက်ရှ်နဲ့ ပုလဲ၊ မူဆယ်မှ ယူရီးယား၊ နိုက်ကြိတ် ပိုတက်ရှ်၊ ကွန်ပေါင်း (၁၀း၁၀း၅) (၁၅း၁၅း၅) နဲ့ တီစူပါ ဖော့စဖိတ်တို့ အများဆုံး သွင်းခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် ရန်ကုန်တိုင်းဒေသကြီး အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ်ယခုအပတ် ပြောင်းလဲမှု (မာလာမြိုင်) ပိုတက် (ထိုင်း) ၃၂၅၀၀ ၃၆၅၀၀ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၈၀၀၀ ၂၈၀၀၀ ပိုတက် (တရုတ်) ၂၆၀၀၀ ၂၅၀၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်)၂၀၉၀၀ ၂၁၅၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၂၇၀၀ ၂၂၄၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၅၅၀၀ ၂၅၅၀၀ အာမို(ဒိုင်းမွန်းစတား) ၃၆၅၀၀ ၃၆၅၀၀ တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၀၀၀ ၂၁၀၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၁၀၀၀ ၂၁၀၀၀ ယူရီးယား (ယူအေအီး-တရုတ်) ၁၉၀၀၀ ၁၉၀၀၀ ကုလားအုတ် (တရုတ်) ၂၃၅၀၀ ၂၃၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၇၀၀ ၂၁၇၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၃၀၀၀ ၂၃၀၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၇၀၀ ၂၁၇၀၀ တီစူပါ-(တရုတ်) 12% ၁၀၀၀၀ ၁၁၀၀၀ တီစူပါ-(တရုတ်) 16% ၁၁၀၀၀ ၁၁၀၀၀ တီစူပါ 15:15:15 (တရုတ်) ၃၅၅၀၀ ၃၅၅၀၀ တီစူပါ 10:10:5(တရုတ်) ၁၅၀၀၀ ၁၅၀၀၀ ပိုတက် (တရုတ်) ၂၁၀၀၀ ၂၁၀၀၀ ဓာတ်ဆား (တရုတ်) ၁၇၅၀၀ ၁၇၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၅၀၀ ၂၂၅၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂၅၀၀ ၂၂၅၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၅၀၀ ၂၂၅၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၂၀၀၀ ၃၂၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၂၈၅၀၀ ၂၈၅၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၂၈၀၀၀ ၂၈၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၀၀၀ ၂၆၀၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅၀၀ ၁၃၅၀၀ MIRT(MAPT)
Background