MY BOY နဲ့ DAWNတံဆိပ် တင်သွင်း စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက် တာကာလအတွင်း နို့ဆီ/စိမ်း တန်ချိန် ၅၃၉ ဒသမ ၁၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းလေးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ မှာ ယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ထုတ်လုပ်တဲ့ My Boy တံဆိပ် နို့စိမ်း ၃၉၀ ဒသမ ၈၃ တန်နဲ့ စင်ကာပူနိုင်ငံထုတ် DAWN တံဆိပ် နို့ဆီ ၁၄၈ ဒသမ ၃၅ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီ တင်သွင်း မှုမှာ တန်ချိန် ၉၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် နို့ဆီတင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၅၀ ကျော်လောက် ပိုမိုတင် သွင်းခဲ့တာတွေ့ရပါတယ်။ နို့စိမ်းအဝင် ကိုကြည့်ရင် ယခင်သီတင်းပတ်တန်ချိန် နှစ်ရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်တန်ချိန် သုံးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ နို့စိမ်းတန်ချိန် ၁၀၀ လောက် ပိုမို တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က အီရန်နိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ စပိန်နိုင်ငံတို့မှ အသီးသီးမှာယူတင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ရှစ်ဆယ်ကျော်တင်သွင်းခဲ့ပြီး ဒီတစ်ပတ် တန်ချိန် ၃၄ တန်သာ တင်သွင်းခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နို့ဆီ၊နို့စိမ်း၊နို့မှုန့် ယခုအပတ်အသွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၂၄ သန်း တန်ဖိုးရှိ နို့ဆီ ၂၆ တန် (၁၃၅၀ တာ) နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၀၃၁ သန်းတန်ဖိုးရှိ နို့စိမ်း ၃၂ တန် (၁၇၀၀ တာ) အသွင်းရှိခဲ့ပြီး ယခင်အပတ်က ထက် နို့ဆီ ၁၂ တန်နဲ့ နို့စိမ်း ၁၈ တန် လျော့နည်း တင်သွင်းခဲ့ပါတယ်။ ယခု အပတ် မူဆယ်နယ်စပ်မှာ ကန်ဒေါ်လာ ၀ ဒသမ ၀၅၄ သန်းတန်ဖိုးရှိ လိပ်ပြာ ၂ ကောင်တံဆိပ် နို့မှုန့် ၄၀၀ ဂရမ်ပါ အထုပ် ၁၉ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က နို့မှုန့်တင်သွင်းမှုမရှိဘဲ ယခုအပတ်မှာ အသွင်းရှိတာ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၈၀ ၇၀၀ဒွန်း( နို့စိမ်း) ၆၂၀ ၆၅၀Falcon နို့ဆီ ၅၃၀ -Falcon နို့စိမ်း ၄၉၀ -ဝမ်းတီးနို့ဆီ ၆၄၀ ၆၈၀အိုကေ( နို့ဆီ) ၆၆၀ ၆၈၅အိုကေ( နို့စိမ်း) ၆၆၀ ၆၈၅ဟက်ပီးကောင်း( နို့ဆီ) ၆၀၀ -MIRT (DOT)
Background