မုံရွာဂျုံဈေးကွက် မန်းအဝယ်သွက် ပေါ်ခါစကတည်းက ယနေ့ထိ တဖြည်းဖြည်းချင်းသာ ဈေးအတက်အဆင်း ညင်သာနေတဲ့ မုံရွာ ဂျုံဈေးကွက်ဟာ စက်တင်ဘာလအတွင်း ဂံျုဖြူသန့်တစ်တင်း ကျပ် ၁၅၂၀၀ ထိ အမြင့်ဆုံးရောက်လာခဲ့ပြီး ဂျုံအထွက်တိုးဈေးလည်း တစ်တင်း ကျပ် ၁၁၅၀၀ ထိ ဈေးလိုက်လာခဲ့တာ တွေ့ရပါတယ်။ မုံရွာဂျုံဈေးကွက်ရဲ့ သမားရိုးကျ ဖြစ်စဉ်အတိုင်း၊ ဂျုံပေါ်ခါစကတည်းက မုံရွာကုန်သည်နဲ့ လှောင်လက်တွေ ထုံးစံအတိုင်းဝယ်ယူခဲ့ကြပြီး လှောင်သက်ကာလကြာလာ တာနဲ့အမျှ ပိုးလိုက်လာလို့ ဈေးမကိုက်ပေမဲ့ ဒီရာသီမှာ ထုတ်ရောင်းကြစမြဲဖြစ်ပါတယ်။ မန္တလေးဝယ်လက်ကလည်း မုံရွာဂျုံဈေးကွက်အထာကို သိနေလေတော့ လိုအပ်ချက်သာ နေ့စဉ်ဝယ်ယူလျက်ရှိပါတယ်။ ဒီလထဲမှာတော့ မန်းအဆွဲ တော်တော်သွက်ခဲ့လို့ အခုလိုဈေးရလာခြင်းဖြစ်ပြီး၊ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁၀၀၀ မှ ၂၀၀၀ အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကာ စက်တင်ဘာလအတွင်း မုံရွာကနေ မန္တလေးကို ဂျုံတင်းတစ်သောင်းကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ ထွန်းလှိုင်
Background