Main menu

Background

တရုတ်ကား ထုတ်လုပ်သူတွေက ထိုင်းနိုင်ငံကို ပြောင်းရွှေ့ရန် စီစဉ်

Wed, 10/05/2011 - 06:18 -- Anonymous (not verified)

တရုတ်ကား ထုတ်လုပ်သူတွေက ထိုင်းနိုင်ငံကို ပြောင်းရွှေ့ရန် စီစဉ်                   ထိုင်းနိုင်ငံမှ ကားကိုတင်သွင်းနေရာကနေ ထိုင်းနိုင်ငံမှာ သွားရောက်ထုတ်လုပ်ဖို့အတွက် တရုတ်နိုင်ငံ အခြေစိုက်မော်တော်ကားထုတ်လုပ်သူ အများစုကပြင်ဆင်နေ ကြသလို အချို့ကလည်းစဉ်းစားလျက် ရှိပါတယ်။ ယခုလို ပြောင်းရွှေ့ထုတ်လုပ်ခြင်းအားဖြင့် သွင်းကုန်ခွန်ကိုရှောင်ရှားနိုင်မှာ ဖြစ်သလိုယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကိုလည်း မြှင့်တင်နိုင် မယ်။ စည်ပင်ဖွံ့ဖြိုးနေတဲ့ အရှေ့တောင်အာရှဈေးကွက် နဲ့လည်း ပိုမိုနီးကပ်သွားပါတယ်။ ထိုင်းနိုင်ငံမြို့ တော် ဗန် ကောက်အရှေ့ဘက်ကီလိုမီတာ ၁၀၀ အကွာအခွန်ကင်း လွတ်ခွင့်ဇုန်မှာ DFM  မီနီထရပ်ထိုင်းလင်းကုမ္ပဏီက စက်ရုံကိုတည်ဆောက်လျက်ရှိပါတယ်။ ထိုင်းကုမ္ပဏီနဲ့ တရုတ်မှဒေါင်ဖန်းမော်တာကုမ္ပဏီတို့ ဖက်စပ်တည်ထောင် ထားတဲ့ ဒီတပ်ဆင်ရေး စက်ရုံကို အောက်တိုဘာက စပြီးလုပ်ငန်းလည်ပတ်မယ်၊ ခြောက်လအတွင်းမှာ စွမ်း အား ပြည့်လည်ပတ်နိုင်မယ်လို့ DFM မီနီထရပ်ထိုင်းလင်း ကုမ္ပဏီ ဥက္ကဌ ချန်ရွန်းဂျူးက ပြောပါတယ်။ ထိုင်းနိုင်ငံတွင် မီနီထရပ်ကားများ ထုတ်လုပ်ရာတွင် နာမည်ရနေတဲ့ Dongfeng Xiaokang  ကုမ္ပဏီရဲ့ ထုတ်လုပ်မှုများကို တစ်စိတ်တစ်ပိုင်းထုတ်လုပ်ရာမှ အပြည့်အ၀ တပ်ဆင်ထုတ်လုပ်သွားမှာ ဖြစ်ပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ် ရဲ့ ၄၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံမှာပင် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာတစ်နှစ် ကို မီနီထရပ်ကားစင်းရေ ၃၀၀၀ ထုတ်လုပ်ရောင်းချနေတယ်လို့ ချန်ကပြောပါတယ်။ ထို့ကြောင့် ထိုင်းနိုင်ငံ မီနီထရပ်ဈေးကွက်ဝေစုရဲ့ ထက်ဝက်ကိုရယူထားပါတယ်။ ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုပေးတဲ့ဌာနပေါင်း ထိုင်းနိုင်ငံတစ်ဝန်းမှာ ၃၉ ခုကို ထူထောင်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီက ဒေသတွင်း ထုတ်လုပ်မှုကို အရှိန်မြှင့် ဆောင်ရွက်သွားနိုင်မဲ့ အခြေအနေရှိပါတယ်။ ထိုင်းနိုင်ငံဥပဒေအရ အပြည့်အ၀ တပ်ဆင်ထားပြီး တင်သွင်းလာတဲ့ ထရပ်ကားများအတွက် သွင်းကုန်ခွန်ကို ၄၀ ရာခိုင်နှုန်းကောက်ခံပြီး လူစီးကားများ အတွက် တင်သွင်းခွန်ကဒီထက် များပါတယ်။ သွင်းကုန် ခွန်ဝန်ထုပ်ဝန်ပိုးကြောင့် ကားဈေးနှုန်းမြင့်တက်ပြီး ဒေသ တွင်း ထုတ်လုပ်တဲ့ သို့မဟုတ်တပ်ဆင်ထားတဲ့ကားတွေနဲ့ ယှဉ်ပြိုင်တဲ့အခါ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကျဆင်းစေပါတယ်။ Source.chinacartimes.com