Main menu

Background

တရုတ်နိုင်ငံတွင် အလိုအလျောက် ရွှေထုတ်စက် စတင်ဖွင့်လှစ်

Wed, 10/05/2011 - 06:22 -- Anonymous (not verified)

တရုတ်နိုင်ငံတွင် အလိုအလျောက် ရွှေထုတ်စက် စတင်ဖွင့်လှစ်                    ကမ္ဘာမှာရွှေကိုဒုတိယအများဆုံးသုံးစွဲလျက်ရှိတဲ့ တရုတ်နိုင်ငံက ပေကျင်းမြို့ ဈေးဝယ်စည်ကားနေရာမှာ နိုင်ငံတွင်ပထမဆုံးဖြစ်သော ရွှေထုတ်စက်ကို စတင် တပ်ဆင်ပေးခဲ့တယ်လို့ စက်တင်ဘာ ၂၆ ရက်က နိုင်ငံပိုင်မီဒီယာများရဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဈေးဝယ်သူတွေက နာမည်ကျော်ဝန်ဖူကျွမ်းလမ်းပေါ်မှာရှိတဲ့ ရွှေ ထုတ်စက်မှာ ငွေသားသို့မဟုတ် ဘဏ်ကတ်ကိုအသုံးပြုပြီး ရွှေတုံးရွှေပြားများကို ထုတ်ယူနိုင်ပါတယ်။ ဈေးကွက် ပေါက်ဈေးပေါ်မှာ မူတည်ပြီးအလေးချိန်အမျိုးမျိုးရှိတဲ့ ရွှေကို ထုတ်ယူနိုင်တယ်လို့ ပြည်သူ့နေစဉ်သတင်းစာရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။ ဒါပေမဲ့ တစ်ကြိမ်ထုတ်ရင်အများဆုံးရွှေယွမ်တစ်သန်း (ဒေါ်လာ ၁၅၆၅၀၀) ခန့် ထုတ်ယူနိုင်မယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ရွှေထုတ်စက်တွေဟာ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပဒေသတွေမှာ သုံးစွဲနေပြီဖြစ်ပါတယ်။                      ရွှေထုတ်စက်ကို ပေကျင်းလယ်ယာစိုက်ပျိုးရေး ကူးသန်းရောင်းဝယ်မှု ဘဏ်နဲ့ ရွှေ ရောင်းဝယ်ရေး ကုမ္ပဏီတို့ ပူးတွဲပြီး စက်တင်ဘာ ၂၄ ရက်က စတင်တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးနှစ်ခုက ရွှေဆိုင်တွေနဲ့ ဈေးကွက် ပုဂ္ဂလိက ကလပ်တွေမှာ စက်တွေ တပ်ဆင်သွားဖို့ စီစဉ်လျက်ရှိပါတယ်။                    တရုတ်နိုင်ငံမှာ ရွှေဝယ်လိုအားက ၂၀၁၀ ပြည့်နှစ်မှာ နှစ်အလိုက်တိုးနှုန်း ၂၇ ရာခိုင်နှုန်းရှိပြီး ၅၇၉ ဒသမ ၅ တန် ရှိခဲ့တယ်လို့ ကမ္ဘာ့ရွှေကောင်စီက ပြောပါတယ်။ ကမ္ဘာမှာရွှေအများဆုံးသုံးစွဲတဲ့ အိန္ဒိယနိုင်ငံက ၆၆ ရာခိုင်နှုန်း တိုးတက်ပြီး ၉၆၃ ဒသမ ၁ တန်ရှိခဲ့ပါတယ်။ Source. koreaherald.com