Main menu

Background

အက်ပဲက i Phone သစ်ကို အောက်တိုဘာ ၄ ရက်တွင် စတင်မိတ်ဆက်မည်

Wed, 10/05/2011 - 06:23 -- Anonymous (not verified)

အက်ပဲက i Phone သစ်ကို အောက်တိုဘာ ၄ ရက်တွင် စတင်မိတ်ဆက်မည်                      ၂၀၁၁ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ i Phone သစ်ကို စတင်မိတ်ဆက်ပေးမယ်လို့ အက်ပဲက စက်တင် ဘာ ၂၇ ရက်က ကြေညာပါတယ်။ ယခုမိတ်ဆက်ပွဲက သြဂုတ်က စတိဂျော့ထံမှအက်ပဲစီမံခန့်ခွဲမှုကို အမှုဆောင် အရာရှိချုပ် တင်ကွတ် လက်လွှဲရယူခဲ့ပြီးနောက်ပိုင်း ထုတ်ကုန်ကြီးကြီးမားမားကိုပထမဆုံးပွဲထုတ်တဲ့ အခမ်းအနား ဖြစ်ပါတယ်။ မျိုးဆက်သစ်ဖြစ်တဲ့ i Phone 5 ကို ကယ်လီဖို နီးယားပြည်နယ်၊ ကူပါတီနိုမှာရှိတဲ့ အက်ပဲရဲ့ ဝင်းအတွင်း မှာ ပွဲထုတ်မယ်ဆိုတာကို ကြိုတင်ကြေညာထားပြီးသားဖြစ်ပါတယ်။                       i Phone 5 က စကရင် ဖန်သားပြင်ကြီးမယ်၊ ကင်မရာရဲ့ ရီဆိုလူးရှင်းမြင့်မယ်၊ A5 Dual-core  ကို အသုံးပြုမယ်လို့ အမေရိကန်ပြည်ထောင်စု မီဒီယာတွေမှာ ဖော်ပြထားခဲ့ပါတယ်။i Phone 5 ကဈေးချိုပြီး i- Cloud ဖန်ရှင်ကို ပါပူးတွဲထည့်ပေးထားတယ်လို့ ဆိုပါတယ်။ Source. xinhua