Main menu

Background

ဟွန်ဒါက မော်တော်ဆိုင်ကယ် အသေးစားများကို ပြည်ပတွင်ပြောင်းရွှေ့ ထုတ်လုပ်မည်

Wed, 10/05/2011 - 06:25 -- Anonymous (not verified)

ဟွန်ဒါက မော်တော်ဆိုင်ကယ် အသေးစားများကို ပြည်ပတွင်ပြောင်းရွှေ့ ထုတ်လုပ်မည်                        ယန်းငွေတန်ဖိုးမြင့်တက်တဲ့အတွက် စီးပွားရေးအရ ရပ်တည်နိုင်ဖို့ ကုန်ကျစရိတ်လျှော့ချရေး အစီအမံအရ ဟွန်ဒါမော်တာကုမ္ပဏီက တန်ဖိုးနည်းမော်တော်ဆိုင်ကယ် အသေးစား ထုတ်လုပ်မှုကို ပြည်ပသို့ပြောင်းရွှေ့ ထုတ်လုပ်မယ်လို့ သက်ဆိုင်ရာသတင်းရပ်ကွက်မှ သတင်းရရှိပါ တယ်။ တစ်ချိန်တည်းတွင် လက်ရှိထုတ်လုပ်မှုကို ထိန်းသိမ်းထားတဲ့အနေနဲ့ ဈေးကြီးတဲ့ အကြီးစားနဲ့ အလတ်စား မော်တော်ဆိုင်ကယ်တွေကို ပြည်တွင်းမှာ ထုတ်လုပ် ပါမယ်။ ဒီမိုဒယ်တွေရဲ့ ဈေးနှုန်းကိုယှဉ်ပြိုင်နိုင်ဖို့အတွက် အလတ်စားနဲ့ အကြီးစား မော်တော် ဆိုင်ကယ်တွေကို ထုတ်လုပ်ရာမှာ အာရှနိုင်ငံတွေကထုတ်လုပ်တဲ့ ဈေးသက်သာ တဲ့ စက်အစိတ်ပိုင်းတွေကို သုံးသွားမှာဖြစ်ပါတယ်။                    ဟွန်ဒါရဲ့ နှစ်စဉ်ထုတ်လုပ်မှုကစီးရေ ၁၉၀ ၀၀၀ ရှိပြီး ကမ္ဘာ့ ထုတ်လုပ်မှုဖြစ်တဲ့ ၁၈ သန်းရဲ့ ၁ ရာခိုင်နှုန်း ရှိပါ တယ်။ကူမာမိုတိုမှာရှိတဲ့ ဟွန်ဒါစက်ရုံဟာ ဂျပန်မှာကုမ္ပဏီရဲ့ တစ်ခုတည်းသောထုတ်လုပ်ရေး အခြေစိုက် စခန်းဖြစ်ပါ တယ်။ အင်ဂျင်စွမ်းအား ၆၀၀-၁၀၀၀ CC ရှိ စူပါကက်လို အသေးစားမော်တော်ဆိုင်ကယ်တွေကိုလည်း ထုတ်လုပ်ပါ တယ်။ လောလောဆယ်မှာ ဟွန်ဒါက စူပါကက်တွေကို ထုတ်လုပ်ရာမှာ ထိုင်းနိုင်ငံကအင်ဂျင်နဲ့ စက်အစိတ်အပိုင်း တွေကို အသုံးပြုပါတယ်။ ဒါပေမဲ့ အလုပ်သမားခ ဈေးသက်သာတဲ့ တရုတ်နိုင်ငံနဲ့ တခြားအာရှနိုင်ငံတွေကို ထုတ် လုပ်ရေးလုပ်ငန်းတွေရွှေ့ပြောင်းပြီး နောက်ပိုင်းပြည်ပ ကနေ တင်သွင်းယူဖို့စဉ်းစားနေပါတယ်။ အလတ်စားနဲ့ အကြီးစားတွေအတွက် လောလောဆယ်မှာ ဟွန်ဒါက ပြည်တွင်းထုတ်စက်အပိုင်းတွေကို သုံး နေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဈေးချိုတဲ့အခြားအာရှ နိုင်ငံတွေက တင်သွင်းတဲ့စက်အစိတ်အပိုင်းတွေကို အသုံး ပြုဖို့ စီစဉ်နေပါတယ်။ Source.asahi.com