Main menu

Background

အာရှဒေသတွင် ဝန်ထမ်းကိုယ်ရေးအကျဉ်းချုပ်မမှန်မကန် ဖော်ပြမှုမြင့်တက်

Wed, 10/05/2011 - 06:28 -- Anonymous (not verified)

အာရှဒေသတွင် ဝန်ထမ်းကိုယ်ရေးအကျဉ်းချုပ်မမှန်မကန် ဖော်ပြမှုမြင့်တက်                   အာရှဒေသများရှိ အလုပ်လျှောက်ထားသူတွေက သူတို့ရဲ့လုပ်ငန်းဆိုင်ရာ ကိုယ်ရေးအကျဉ်းချုပ် တင်ပြရာမှာ လိမ်လည်မှုများပိုမိုများပြား လာတယ်။ အထူးသဖြင့် အိုင်တီလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဝန် ဆောင်မှုလုပ်ငန်းတွေမှာ အများဆုံးဖြစ်တယ်လို့ အလုပ်အကိုင်စိစစ်ရေး အေဂျင်စီ First Advantage  ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာရှပိစိဖိတ်ဒေသရှိ အလုပ်လျှောက်ထားသူတွေက သူတို့ကိုယ်ရေး အကျဉ်းချုပ်မှာပညာအရည်အချင်းကို မမှန်မကန်ဖော်ပြတဲ့ဝန်ထမ်း အချိုးအစားက ၂၀၁၀ ပြည့်နှစ်က ၃ ဒသမ ၂ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်မှာ ၄ ဒသမ ၄ ရာခိုင်နှုန်းထိ တိုးတက်လာတယ်လို့ ဆိုပါတယ်။ အစီရင်ခံစာအရ မမှန်မကန်ဖော်ပြတဲ့အထဲမှာ အလုပ်အကိုင်ဖြစ်စဉ် သမိုင်းကို မမှန်မကန်ဖော်ပြတာက စုစုပေါင်းမှားယွင်းဖော်ပြမှုရဲ့ ၆၆ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ပြည့်နှစ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်းပိုမိုများ ပြားလာပါတယ်။ ပညာရေးက ၁၅ ဒသမ ၂၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ရဲ့ အောက် သုညဒသမ ၅ ရာခိုင်နှုန်းကျ ဆင်းလာပါတယ်။ လိပ်စာမှားယွင်း တာက ၁၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ၆ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်လာပါတယ်။ First Advantage က ၂၀၁၀ ပြည့်နှစ် ပထမသုံးလပတ်ကနေ ယခုနှစ် ဒုတိယသုံးလပတ်အထိ လျှောက်လွှာပေါင်းတစ်သန်းကို လေ့လာ စိစစ်ခဲ့တယ်လို့ အေဂျင်စီရဲ့ အလုပ်အကိုင်စိစစ်မှု အလားအလာ အစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။                 မမှန်မကန်ဖော်ပြမှုတွေကို စိစစ်ရာမှာ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်း၊ အိုင်တီလုပ်ငန်းနဲ့ အိုင်တီအခြေပြုလုပ်ငန်းတွေမှာ မမှန်မကန်ဖော်ပြမှုပုံစံတွေ တူညီနေတာတွေ့ရတယ်လို့ဆိုပါတယ်။ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍမှာ အလုပ်အကိုင်ဖြစ်စဉ်ကို မမှန်မကန်ဖော်ပြတာက ၆၃ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး မမှန်မကန် ဖော်ပြမှုက ၂၀ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ကအတိုင်းဖြစ်ပါတယ်။ လိမ်စာမမှန်တာက ၁၀ ရာခိုင်နှုန်းပိုမိုပြီး ၁၆ ရာခိုင်နှုန်းရှိပါတယ်။ Source. The Business Times