Main menu

Background

စားသုံးမှု မြင့်တက်တာကြောင့် တရုတ်နိုင်ငံ ပဲပုပ်နဲ့မုန်ညှင်းဆီ တင်သွင်းမှုမြင့်တက်

Wed, 10/05/2011 - 06:41 -- Anonymous (not verified)

စားသုံးမှု မြင့်တက်တာကြောင့် တရုတ်နိုင်ငံ ပဲပုပ်နဲ့မုန်ညှင်းဆီ တင်သွင်းမှုမြင့်တက်                 တရုတ်နိုင်ငံဟာ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိတဲ့အတွက် ပဲပုပ်နဲ့ မုန်ညှင်းဆီ တင်သွင်းမှုမြင့်တက်ဖွယ်ရှိတယ်လို့ ဟမ်းဘတ်အခြေစိုက် သုတေသနဌာန Oil World မှ ပြောကြားပါတယ်။               အောက်တိုဘာ ၁ ရက်နေ့မှာစတင်တဲ့ ယခုနှစ်အတွင်း ပဲပုပ်၊ မုန်ညှင်းနဲ့ စားအုန်းဆီအပါအဝင် စားဆီတင်သွင်းမှုဟာ ၁၀ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၁၀ ဒသမ ၇ သန်းရှိမယ် လို့ ဆိုပါတယ်။ ပြည်တွင်းထုတ်လုပ်မှုဟာ ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ပြီး၊ တန်ချိန် ၂၃ ဒသမ ၉ သန်းအထိ ထွက်ရှိခဲ့တဲ့တိုင် အဆီနဲ့ ဆီစားသုံးမှုက ယခုနှစ် အတွင်း ၃ ဒသမ ၉ ရာခိုင်နှုန်း အထိ မြင့်တက်မယ်လို့ ဆိုပါတယ်။                   ဆီထွက်သီးနှံကဏ္ဍမှာ တရုတ်နိုင်ငံရဲ့ တင်သွင်းမှုကိုမီခိုရ မှုက သတိထားရမယ့် အနေအထားကို ရောက်ရှိလာနေတယ် လို့ ဆိုပါတယ်။ လူဦးရေတိုးပွားလာခြင်းနဲ့ ဝင်ငွေတိုးတက်လာတဲ့ နည်းတူ အသားစားသုံးမှု ပိုများလာတဲ့ စားသောက်မှုပုံစံ ပြောင်းလဲလာခြင်းတို့ကြောင့် ပြည်တွင်းမှာ ဆီနဲ့ အဆီစားသုံးမှု အလားတူ ဆီကြိတ်ဖတ်သုံးစွဲမှုလည်း သိသိသာသာမြင့်တက် နေတယ်လို့ Oil World မှ ထပ်လောင်းပြောကြားပါတယ်။ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ ၂၀၀၅ ခုနှစ်မှာ ဟတ်တာ ၂၉ ဒသမ ၆ သန်းအထိ အမြင့်ဆုံးကို ရောက်ရှိခဲ့ရာမှ ယခုနှစ်မှာ ယခင်နှစ်ထက် ၂ ရာခိုင်နှုန်း လျော့ကျပြီး ဟက်တာ ၂၇ ဒသမ ၁ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အထွက်နှုန်းက တော့ လျော့ကျမှုမရှိတာကြောင့် ၂၀၁၁-၂၀၁၂ ဈေးကွက် ရာသီအတွင်း ဆီထွက်သီးနှံ တန်ချိန် ၅၁ ဒသမ ၆ သန်းအထိ အနည်းငယ်တိုးဖွယ်ရှိတယ်လို့ ဆိုပါတယ်။                    ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ ၂၀၀၄-၀၅ မှာ အများဆုံး စိုက်ပျိုးခဲ့ရာမှ အဲဒီနောက်ပိုင်းမှာ အခြားသီးနှံတွေကို ပြောင်းလဲစိုက်ပျိုးခြင်းနဲ့ စိုက်ပျိုးမြေလျော့နည်းလာခြင်း တို့ကြောင့် တဖြည်းဖြည်း စိုက်ပျိုးမှု လျော့ကျခဲ့ပါတယ်။ တိုးတက်မှုတစ်ခု ကတော့ မကြာခင်နှစ်များအတွင်း အထွက်နှုန်း ပိုမိုမြင့်တက် လာခဲ့ခြင်းပဲဖြစ်တယ်လို့ သုတေသန ပညာရှင်က ဆိုပါတယ်။ ဝက်သားစားသုံးမှု မြင့်တက်လာတဲ့အတွက် တရုတ်နိုင်ငံရဲ့ ဝက်မွေးမြူရေးကဏ္ဍ တိုးချဲ့လာတာကြောင့် ဆီထွက်သီးနှံမှ တိရစ္ဆာန်အစာဖတ်သုံးစွဲမှုဟာ ၅ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက် ပြီး တန်ချိန် ၆၈ ဒသမ ၇ သန်းအထိရှိလာမယ်လို့ဆိုပါတယ်။ ယခုနှစ် ဝက်သားဈေးမြင့်တက်ခဲ့ခြင်းဟာ ဝက်မွေးမြူ ရေးကဏ္ဍ သိသိသာသာတိုးချဲ့ဖို့ဖြစ်လာခဲ့ပြီး တစ်ဆက်တည်း မှာဘဲ တိရစ္ဆာန်အစာသုံးစွဲမှုလည်း တိုးတက်လာခဲ့ခြင်းဖြစ် တယ်လို့ ဆိုပါတယ်။ ယမင်းခင် Source:bloomberg.net