ရေလွှမ်းမိုးမှုကြောင့် ကမ္ဘောဒီးယား ဆန်တင်ပို့မှု ကျဆင်းမယ်လို့ဆို

             ရေလွှမ်းမိုးမှုကြောင့် ကမ္ဘောဒီ၊ယားနိုင်ငံဟာ ယခုနှစ် အစောပိုင်း မျှော်မှန်းထားတဲ့ ပမာဏထက် လျော့ပြီး ပြည်ပ ကို ဆန်တင်ပို့နိုင်လိမ့်မယ်လို့ ကမ္ဘောဒီးယား ဆန်စက်လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌမှ အောက်တိုဘာ ၄ ရက်မှာ ပြောကြားပါတယ်။ သြဂုတ်လကတည်းက ရေလွှမ်းမိုးခဲ့တာကြောင့် အထွက်နှုန်းလျှော့ကျမှာဖြစ်ပြီး၊ ဆန်တန်ချိန် ၃ သိန်းခန့် အထွက်ကျဆင်းမှာဖြစ်လို့ ပြည်ပတင်ပို့မှုကိုလည်း ထိခိုက်နိုင် တယ်လို့ ဆိုပါတယ်။  ဒါပေမယ့် ၂၀၁၅ မှာ ပြည်ပနိုင်ငံတွေ ကို ဆန်တန်ချိန် တစ်သန်းတင်ပို့မယ်ဆိုတဲ့ အစိုးရရဲ့ မူဝါဒ ကိုတော့ ထိခိုက်နိုင်မှာမဟုတ်ဘူးလို့လည်း ပြောကြားပါတယ်။ လက်ရှိအချိန်ထိ ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံနဲ့ ဥရောပ နိုင်ငံများကိုသာ ဆန်တင်ပို့ခဲ့ပြီး မကြာမီ အခြားတိုက်ကြီးများ အတွင်းရှိ နိုင်ငံများကိုလည်း တိုးချဲ့တင်ပို့သွားမယ်လို့ ဆိုပါ တယ်။                      အောက်တိုဘာလ နံနက်ခင်းမှာ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ပရေးရာနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီး လည်းဖြစ်တဲ့ JhHor Namhong က ကမ္ဘောဒီးယားနိုင်ငံရှိ FAO ကိုယ်စားလှယ်ဖြစ်သူ Nina Brandstrup  ကို ရှင်းလင်းပြောကြားချက်အရ ယခုနှစ် ရေနစ်မြုပ်မှုဟာ ၂၀၀၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တာထက် ပိုမိုဆိုးဝါးတယ်လို့ သိရပါတယ်။ ရေနစ် မြုပ်တဲ့ ဒေသပြည်သူများ ငတ်မွတ်မှုမရှိစေရေးအပေါ် စားနပ် ရိက္ခာထောက်ပံ့မှုတွေလိုအပ်နေလို့ FAO အနေနဲ့ အမြန်ဆုံး ကူညီထောက်ပံ့ဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။                သဘာဝဘေးဒဏ်စီမံခန့်ခွဲမှု အမျိုးသားကော်မတီမှ ထုတ်ပြန်တဲ့နောက်ဆုံးစာရင်းအရ သြဂုတ်လကတည်းက ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁၆၄ ဦးထက်မနည်းသေဆုံးပြီး၊ မိသားစု၂၁၅၆၆၂ ဦးနဲ့အတူ စပါးလယ်မြေဟက်တာ ၂၉၁၀၀၀ ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံအတွင်း ပြည်နယ် ၂၄ ခုအနက်အနည်းဆုံး ၁၅ ပြည်နယ်မှာ ရေနစ် မြုပ်ခဲ့တယ်လို့ သိရပါတယ်။ လမင်း၊Source: Bernama.com