Main menu

Background

ပင်လယ်ရေကြောင်း မတ်ပဲတင်ပို့မှု တန် နှစ်သောင်းကျော်ရှိ

Mon, 10/10/2011 - 03:45 -- Anonymous (not verified)

               ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၂၃၀၀၀ ကျော်ရှိပြီး ယခုသီတင်းပတ် (စက်တင်ဘာနောက်ဆုံးပတ်)မှာလည်း တန်နှစ်သောင်းကျော်တင်ပို့မှုရှိတာတွေ့ရပါတယ်။ စက်တင်ဘာလတစ်လလုံးမှာ ပြည်ပ ကို မတ်ပဲတင်ပို့မှု တန်ချိန် ၈၇၀၀၀ ကျော်ထိရှိပြီး သြဂုတ်လ တစ်လလုံးတင်ပို့ခဲ့တဲ့ တန်ချိန် ၆၀၀၀၀ ခန့်ထက် တန် နှစ်သောင်းကျော်ပိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။            ၂၀၁၀ စက်တင်ဘာလအတွင်း မှာတော့ မတ်ပဲတန်ချိန် ၄၇၀၀၀ ကျော်ရှိလို့ ယခုနှစ် ကာလတူမှာ တန်လေးသောင်းပိုမိုတင်ပို့ပြီးဖြစ်တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ စက်တင်ဘာလကုန်ထိ မတ်ပဲစုစုပေါင်း တင်ပို့မှုဟာ တန်ချိန် ၄ သိန်းကျော်ရှိပြီးယခင်ဘဏ္ဍာနှစ် ၂၀၁၀-၂၀၁၁ ကာလတူ တင်ပို့မှုမှာ တန်ချိန် ၂၇၀၀၀၀ ခန့်ရှိလို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၁ သိန်းကျော် တိုးတက် တင်ပို့ပြီးဖြစ်တာ တွေ့ရပါတယ်။ လတ်တလော အရောင်းအဝယ်အေးလို့ လာမယ့် သီတင်းပတ်မှာ တင်ပို့မှု အနည်းငယ်လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါ တယ်။ MIRT-MAPT