Main menu

Background

ရန်ကုန် FOB ဈေးကွက်များ မတ်ပဲတန် တစ်သောင်းကျော် အရောင်းအဝယ်ဖြစ်

Mon, 10/10/2011 - 03:45 -- Anonymous (not verified)

               ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က မတ်ပဲတန်ချိန် ၈၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုသီတင်း ပတ် (စက်တင်ဘာလ ၃၀ မှ အောက်တိုဘာလ ၆ ရက်နေ့) အတွင်းမှာ မတ်ပဲ SQ  ၊ FAQ နဲ့အခွံချွတ်စုစုပေါင်းတန်ချိန် တစ်သောင်းကျော်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလ တစ်လ လုံးမှာ မတ်ပဲ SQ တန်ချိန် ၂၈၀၀၀ ကျော်၊ FAQ တန်ချိန် ၆၄၀၀၀ ကျော်နဲ့ မတ်ပဲ အခွံချွတ် တန်ချိန် ၂၇၀၀ ကျော် စုစုပေါင်းတန်ချိန် ၉၅၀၀၀ ခန့် FOB  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလောဈေးကွက်မှာတော့ ပြည်ပဝယ်လက်အဝယ်နှေးနေလို့ အရောင်း အဝယ်ဖြစ်မှုနည်းနေတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်း အိန္ဒိယဈေးကွက် တွေကို လည်း ပြည်တွင်းမတ်ပဲအသစ်တွေ ဝင်ရောက်မှုများတဲ့ ကာလဖြစ်လို့ ပြည်ပက အဝယ်နှေးသလို ရန်ကုန်ရှိ ပြည်တွင်းကုန်သည်ကြီးများအနေနဲ့လည်း ကွန်တိန်နာ ငှားရမ်းခ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ပုံမှန်ထက် အတင်လျော့တယ်လို့ ကုန်သည်ကြီးတစ်ဦးက ပြောပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုးဈေး တည်ငြိမ် နေပေမဲ့ ပဲအရောင်းအဝယ်နည်းလို့ FOB ဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။         ဒေါ်လာ/တန်                        မတ်ပဲ(FAQ)            မတ်ပဲ(SQ)၇-၁၀-၁၁           ၇၅၅-၇၇၅               ၈၃၀-၈၅၀၃၀-၉-၁၁           ၇၆၀-၇၈၀               ၈၄၅-၈၆၅MIRT(MAPT)