Main menu

Background

အောက်တိုဘာမှာ ဈေးကောင်းရလာတဲ့ ပြည်ပဲစင်းငုံ

Mon, 10/10/2011 - 04:03 -- Anonymous (not verified)

                 ပြည်ပဲစင်းငုံမှာ ပိဿာ ၂၀ တစ်တင်းကို ၁၄၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပါတယ်။ စက်တင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဈေးများနဲ့ နှိုင်းယှဉ် ကြည့်ရင်တော့ ယခုအောက်တိုဘာလမှာ ပဲစင်းငုံဈေးအနည်းငယ် ပြန်ကောင်း လာခဲ့ပါတယ်။ ဈေးကောင်းရနေသော်လည်း ရန်ကုန်ဝယ်လက်များမှာ အမြဲတမ်း အဝယ်မရှိဘဲ တစ်ခါတစ်ရံမှသာ အဝယ်ရှိတာကြောင့် ဈေးကွက်တွင်း အရောင်း အဝယ်အေးနေပါတယ်။ ရန်ကုန်ဝယ်လက်ရှိတဲ့ရက်များမှာ အိတ် ၇၀၀-၈၀၀ခန့် အဝယ်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပဲစင်းငုံအိတ် ၁၂၀၀ ထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ