Main menu

Background

ပဲတီစိမ်းဈေးကျလို့ ပဲစိုက်တောင်သူများ မျိုးအတွက် ရင်းနှီးစရိတ်သက်သာ

Mon, 10/10/2011 - 04:15 -- Anonymous (not verified)

            ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ပဲတီစိမ်းသီးနှံအနေဖြင့် အဝင်မရှိခဲ့ဘဲ ပွဲရုံများမှာလည်း နည်းပြီး ပွဲရုံအနည်းငယ် လောက်သာ ပဲလက်ကျန်ရှိတယ်လို့ သိရပါတယ်။ လိုင်းသမားများအဝယ်မရှိသလောက်ဖြစ်ခဲ့ပြီး၊ စက်တင်ဘာလမှစပြီး မျိုး သမားများ အဝယ်ရှိလာခဲ့ပါတယ်။ ပေါက်ခေါင်း၊ ပေါင်းတလည်ဘက်မှ မျိုးပဲလာရောက် ဝယ်ယူမှုများရှိတဲ့အတွက် အိတ် ၂၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲဈေးမှာ တစ်တင်းကို ၁၇၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြတယ်လို့သိရပါတယ်။ ယခင်နှစ်က မျိုးပဲဈေးမှာတစ်တင်း ၂၅၅၀၀ ကျပ်ရှိခဲ့ပြီး၊ ယခုနှစ် မျိုးပဲဈေးမှာ တစ်တင်း ၁၇၀၀၀ ကျပ်သာရှိတဲ့အတွက် ပဲစိုက်ပျိုးရန် ဝယ်ယူသူတောင်သူများအနေနဲ့ မျိုးဖိုး ရင်းနှီးစားရိတ်သက်သာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း