Main menu

Background

ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှု အရောင်းအဝယ်ဖြစ်မှု များနေဆဲ

Mon, 10/10/2011 - 04:35 -- Anonymous (not verified)

                         ပင်လယ်ရေကြောင်း ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှုမှာ ယခုတစ်ပတ်မှာလည်း ပမာဏများနေသေးတာ တွေ့ရပါတယ်။ လက်ကျန်နည်းနေပြီဖြစ်ပေမဲ့ စက်တင်ဘာနောက်ဆုံး သီတင်းပတ်မှာ ထောပတ်ပဲ တန် ၂၀၀ နဲ့ မြေထောက်ပဲ တန်ချိန် ၄၁၀ ကျော်ထိ တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလ တစ်လ လုံးအတွင်း တင်ပို့မှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၆၆၃၊ မြေထောက်ပဲတန်ချိန် ၁၇၀၀ ကျော်ရှိပြီး သြဂုတ်လအတွင်းမှာ ထောပတ်ပဲတန်ချိန် ၇၀၀ ခန့်၊ မြေထောက်ပဲ တန်ချိန် ၈၀၀ ခန့် ရှိခဲ့တာတွေ့ရပါတယ်။                           ရန်ကုန် FOB ဈေးကွက်အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အောက်တိုဘာလ ပထမပတ်အတွင်း ထောပတ်ပဲ တန်ချိန် ၁၄၀၊ မြေထောက်ပဲ တန်ချိန် ၄၃၀ ကျော် စာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ တစ်လလုံး FOB အရောင်းအဝယ်ဖြစ်မှုမှာ ထောပတ်ပဲတန်ချိန် ၂၉၀ သာရှိခဲ့ပြီး မြေထောက်ပဲတန်ချိန် ၂၇၀၀ ခန့်ရှိခဲ့ပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ FOB ဈေးအနေနဲ့ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀ ရှိပြီး မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT_MAPT