Main menu

Background

အသစ်ပေါ်ပေမဲ့ အဟောင်းလက်ကျန်ပြတ်ခါနီးလို့ ဈေးကောင်းလာတဲ့ ပြည်ချင်း

Mon, 10/10/2011 - 04:42 -- Anonymous (not verified)

                ပြည်ချင်းဈေးကွက်သို့ ယခုတစ်ပတ်မှာတော့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းတက်(အသစ်)များ အနည်းငယ်စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ အဝင်ရှိပေမဲ့ ချင်းသစ်မှာ အစိုဓာတ်များပြီး အရင့်လိုသေးလို့ အပုပ်မြန်တဲ့အတွက် လက်ကား လှောင်လက်သမားများမှ ဝယ်အားနည်းနေပြီး၊ ပွဲရုံများမှာ ဝင်ရောက်မှုနှုန်း ထက်ဝက်ခန့်သာ အရောင်းအဝယ်ရှိကြောင်းသိရပါတယ်။ ချင်း (ဥမ) အဟောင်း များအနေနဲ့ ချင်းတက် (အသစ်) နဲ့ယှဉ်လျှင် ရောင်းအားကောင်းနေပြီး ပစ္စည်းပြတ် ခါနီးလို့ ဈေးလည်းကောင်းလာပါတယ်။ ယခင်အပတ်ထက် တစ်ပိဿာကို ပျမ်းမျှ ၁၀၀ ကျပ်ခန့် ဈေးမြင့်သွားပြီး၊ ယခုချင်း (ဥမ) ရှယ်တစ်ပိဿာ ၉၀၀ ကျပ်၊ ဂျွန် ၆၅၀-၇၀၀ ကျပ်၊ ချင်းတက် (အသစ်) ၆၀၀ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။ ချင်း (ဥမ) အဝင်မှာလည်း ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်နဲ့ ပုံမှန်အဝင်ရှိလျက်၊ ပွဲရုံများတွင် လက်လီလက်ကားရောင်းဝယ်သူများ၊ ချင်းဓားလှီးသမားများနှင့် ပိဿာချိန် ၄၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ပိဿာချိန်ပျမ်းမျှ ၁၈၀၀ ခန့်ကို ယခု တစ်ပတ်အတွင်း ဈေးကွက်မှတစ်ဆင့် စီးဆင်းသွားခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ