ရှမ်းချင်းတက်တွေကတော့ အောင်ပန်းဈေးကွက်မှာ အဝင်များနေပေမဲ့၊ ဟိုပုံး ဈေးကွက်မှာတော့ လက်ကျန်နည်းနေပြီဖြစ်တဲ့ ချင်း (ဥမ) တွေသာ လက်လီဈေးနဲ့ ရောင်းနေတယ်လို့သိရပါတယ်။ လက်လီဈေးက တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာကို ၂၁၅၀ ကျပ်၊ ၂၂၀၀ ကျပ်ဈေးရှိပေမဲ့ ရောင်းမယ့်သူကနည်းပါတယ်။ လှောင်လက်အချို့က ဈေးကြီးမိပြီး ဝယ်ထားရတာ ရယ်၊ လက်ကျန်လည်းနည်းနေပြီ ဖြစ်တာကြောင့် တစ်ပိဿာ ၂၅၀၀ ကျပ်ရမှ ရောင်းနိုင်မယ်လို့ဆိုပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်း (စို) သစ်တွေက တော့ ပုံမှန်အဝင်ရှိနေပါတယ်။ သီတင်းကျွတ်နားနီးလာတာကြောင့် အလှူပွဲတွေမှာ ဧည့်ခံဖို့အတွက် ရန်ကုန်၊ မန္တလေး၊ ပြည်စတဲ့မြို့ကြီးတွေက အဝယ်များနေပါတယ်။ အဝယ်များလာလို့ ဈေးလည်းအနည်းငယ် တက်လာပြီး တစ်ပိဿာ ၃၀၀ ကျပ်ဈေး ရှိပါတယ်။ ချင်း (ဥမ) တွေကတော့ အဝင်လည်းမရှိသလောက်ဖြစ်နေ တာကြောင့် သူလည်းဈေးတက်လာပါတယ်။ လတ်စက တစ်ပိဿာ ၄၀၀ ကျပ်ရှိပြီး၊ ထိပ်စက၅၀၀ ကျပ်ဈေး ရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဈေးရှိပါတယ်။ ဒီတစ်လမှာတော့ ချင်း (စို)က ဝင်သလောက်ပြန်ရောင်း ထွက် နေတယ်လို့လည်းသိရပါတယ်။ ဧဧခိုင်
Background