Main menu

Background

နနွင်း ၁၆ ဒသမ ၅ တန်တင်ပို့

Mon, 10/10/2011 - 04:45 -- Anonymous (not verified)

                  ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်နေ့တာ ကာလအတွင်း နနွင်း ၁၆ ဒသမ ၅ တန်ကို အိန္ဒိယနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် အပို့ပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၅၅၀ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၅၅၇၅ ရရှိခဲ့ပါတယ်။စက်တင်ဘာလအတွင်း နနွင်းကို မလေးရှား၊ စင်ကာပူ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံနဲ့ အိန္ဒိယစတဲ့နိုင်ငံတွေကို နနွင်းတင်ပို့ခဲ့တာ စုစုပေါင်း တန်ချိန် ၇၉ ဒသမ ၅ တန်ရှိခဲ့ပါတယ်။ သို့ပေမဲ့ သြဂုတ်လရဲ့ နနွင်းတင်ပို့မှုမှာ စုစုပေါင်း တန်ချိန် ၁၂၈ ဒသမ ၅၇ တန်ရှိခဲ့တာကြောင့် စက်တင်ဘာလမှ နနွင်းအပို့လျော့ခဲ့တယ်လို့ ဆိုရပါမယ်။ MIRT(DOBT)