Main menu

Background

ဈေးပတ်သမားကြောင့် အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းနနွင်း

Mon, 10/10/2011 - 04:48 -- Anonymous (not verified)

                  ရှမ်းနနွင်းကတော့ ခပ်အေးအေးသာ အရောင်းအဝယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက တစ်လလုံးလိုလို အရောင်းအဝယ် မဖြစ်ခဲ့တဲ့ နနွင်းက ဒီလဆန်းမှာတော့ ပြည်တွင်းသုံးအတွက် ဈေးပတ်သမားတွေ ဝယ်လာလို့ အရောင်းအဝယ်နည်းနည်း ဖြစ်လာတယ်လို့ သိရပါတယ်။                 ဈေးကွက်မှာတော့ အမှုန့်ကြိတ်ဖို့နဲ့ ပရဆေးအတွက် အရည်အသွေးကောင်းတဲ့ နနွင်းကို ရွေးဝယ်ယူပြီး၊ ခြင်ဆေးခွေ အတွက်တော့ နနွင်းညံ့တွေ ဝယ်ယူနေကြပါတယ်။ ပြည်တွင်းသုံးဝယ်လက်တွေကတော့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ငူ၊ ပြည်စတဲ့မြို့တွေက အဓိကဝယ်ယူနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးကတော့ နနွင်း (ကောင်း)ကတစ်ပိဿာ ၁၀၀၀ကျပ်မှ ၁၂၀၀ ကျပ်ဈေးရှိပြီး၊ နနွင်းညံ့ကတော့ တစ်ပိဿာ ၇၅၀ ကျပ်ဈေးရှိပါတယ်။ ဒီလဆန်း မှာတင် နနွင်းပိဿာချိန် ၂ ဒသမ ၉ သောင်းပိဿာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဧဧခိုင်