Main menu

Background

အောက်ကားများ အရောင်းအဝယ်ပြန်ဖြစ်နေ၍ ကားဈေးတန်းအချို့ ပြန်မာလာ

Mon, 10/10/2011 - 04:52 -- Anonymous (not verified)

                   စီမံချက်ချမှတ် လုပ်ဆောင်နေသော သက်တမ်းလွန် ယာဉ်ဟောင်း အပ်နှံ၍ အစားထိုးယာဉ်တင်သွင်းခွင့်ပြု ရေးအစီအစဉ်သည်ယခုအခါ တတိယ ပတ်အတွင်း ရောက်ရှိနေပြီဖြစ်ပြီး အပ်နှံ နှုန်းထားမှာလည်း စီးရေ ၅၀၀၀ ကျော်ရှိလာကာ ကားဈေးကွက်အတွင်း ကားအပ်နှံမှု စလစ်များ (အမှန်မှာ ကား အပ်နှံပြီးစီးကြောင်း ကညနမှထုတ်ပေး သည့် အသိအမှတ်ပြု ထောက်ခံစာ) လည်းလှိုင်လှိုင်ဝင်ရောက်၍ ရောင်းဝယ် ဖောက်ကားလာပြီး ကားဈေးကွက်မှာ လည်း အခြေအနေ တစ်မျိုးပြောင်းပြီး သတင်းစာများထဲတွင် ကြေညာချက် ထွက်ပြီးစကာလဈေးထက် ဈေးများ ပြန်မာလာကြောင်း သိရသည်။ လတ်တလော ပွဲစားတန်းများတွင် ကားပါမစ်ဈေးနှုန်းမှာ ယခင်အပတ်က နှင့်စာလျှင် ၁၀ သိန်း ၁၅ သိန်းခန့် ကျ ဆင်းသွားကြောင်း၊ရန်ကုန်အပ်နှံပါမစ်ဆို လျှင် ၁၁၀ သိန်း ၁၁၅ သိန်း ဖြစ်ပေါ်နေပြီး နယ်ပါမစ်ဆိုလျှင် ၉၅ သိန်း ၁၀၀ သိန်းခန့်ပြန်လည် ရောင်းချကြကြောင်း၊ ရန်ကုန်ပါမစ်ပို၍ အရောင်းအဝယ်ဖြစ် ကြောင်း၊ နယ်ဆိုလျှင်လည်း ရန်ကုန် အနီးအနားတစ်ဝိုက် မြို့များဖြစ်သည့် ပဲခူး၊ပြည်၊ ပုသိမ် စသည့် ပါမစ်များသာ ရောင်းရကြောင်း အပေါ်ဝိုင်းဝါရင့် ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှ ပြော သည်။ အပေါ်ကားများ ၃၀ သိန်းမှ ၅၀ သိန်းအထိ ပြန်မာလာခြင်း၊ သိန်း ၁၅၀ နှင့် ၁၀၀ ကြားကားများ ၂၀ သိန်း၊ ၃၀ သိန်းပြန်မာလာခြင်း ဖြစ်စဉ်များမှာ လည်းယခုပြုလုပ်နေသည့်ယာဉ်ဟောင်း အပ်နှံစီမံချက်အား အခြေအနေလိုက် ၍ ဖြစ်ပေါ်နေသည့် သဘာဝသာဖြစ် ကြောင်း ၎င်းမှ ပြောသည်။                       ယင်းစီမံချက်ကြောင့်ပင် ယာဉ် တင်သွင်းခွင့်လုပ်ငန်း ဆောင်ရွက်ပေး မည့် ကုမ္ပဏီများစွာ အသီးသီးပေါ် ပေါက်လာပြီး လုပ်ငန်းအဆင့်ဆင့်အား ငွေကြေးတန်းတစ်ရပ် သတ်မှတ်ကာ ဝန်ဆောင်မှုပေးကြကြောင်း၊ ငွေကြေး တတ်နိုင်သူများက ကုမ္ပဏီမှာ အပ်နှံ တင်သွင်းရေး ဆောင်ရွက်ကြကာ ငွေမလိုက်နိုင်သူများမှလည်း ၎င်းတို့ရောင်း ချခဲ့သည့် ဈေးတန်း(ဥပမာ ၈၀ သိန်း၊ ၉၀ သိန်း) အား အနည်းငယ် ထပ်ဆောင်းကာ သိန်း ၁၀၀ နှင့် သိန်း ၁၂၀ ဝန်းကျင်ဗင်ကားများ၊ လိုက်ထရပ်များ ပြန်လည်ဝယ်ယူစီးနင်း၊ စီးပွားရေးလုပ်ငန်းသုံး ပြုလုပ်ကြသဖြင့် ယခုကာလ ကားဝိုင်းများ ကားပွဲစားတန်းများ အတွင်း လူစည်ကားနေပြီး အရောင်း အဝယ်ရှိနေကြောင်း သိရသည်။ SN