Main menu

Background

ပြင်ဦးလွင်-ရန်ကုန် အဝေးပြေးယာဉ်လိုင်းတစ်လိုင်း တိုးချဲ့ပြေးဆွဲ

Mon, 10/10/2011 - 04:56 -- Anonymous (not verified)

                 ပြင်ဦးလွင်-ရန်ကုန် အဝေးပြေးယာဉ်လိုင်းတစ်လိုင်း တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်းသိရပါတယ်။ တိုးချဲ့ပြေးဆွဲမယ့် 'အာကာသ' ယာဉ်လိုင်းမှာ ပြင်ဦးလွင် မြို့ သီရိပဒေသာ အဝေးပြေးယာဉ်ရပ် နားစခန်းနဲ့ ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးကားဝင်းသို့ တိုက်ရိုက်ပြေးဆွဲမှာဖြစ်ပြီး လက်မှတ်မှာယူပါက အိမ်တိုင်ရာရောက် ပို့ဆောင်ပေးကြောင်း သိရပါတယ်။                  ''အောက်တိုဘာ ၄ ရက်မှာ ရန်ကုန် ကစထွက်ပြီး ပြင်ဦးလွင်က ၆ ရက်နေ့ ညနေ ၆ နာရီမှာ စထွက်မယ်။ ကျွန် တော်တို့ အာကာသ ယာဉ်လိုင်းက ရန်ကုန်-မန်း၊ ရန်ကုန်-မုံရွာ-ရေဦး၊ ရန်ကုန် - ကျောက်ပန်းတောင်း - ရေနံ ချောင်း-မကွေး-မင်းဘူးကို ပြေးဆွဲ လျက်ရှိပါတယ်။ ယခုပြေးဆွဲမယ့် ပြင်ဦးလွင်လမ်းကြောင်းမှာ စတင်ဆွဲတဲ့ အထိမ်းအမှတ်အနေနဲ့ ကံစမ်းမဲဖောက် ပေးမယ်။ ယာဉ်လိုင်းနဲ့ လိုက်ပါစီးနင်း တာ (၁၀)ကြိမ်ပြည့်ရင် တစ်ကြိမ် အခမဲ့ ပေးမယ်။ အသွားအပြန် လက်မှတ် ဖြတ်ရင် ကျပ် ၁၀၀၀ လျှော့ပေးတယ်။ လက်မှတ်ခက တစ်ဦးကို ကျပ် ၁၁၄၀၀ ယူပါတယ်။ မုန့် ဒါမှမဟုတ် လက် ဆောင်ပစ္စည်းဝေမယ်။ ကားမူးတတ်တဲ့ သူတွေအတွက် အိမ်သုံးဆေးဝါးဆောင် ထားမယ်။ အအေးမခံနိုင်တဲ့ သူတွေ အနေနဲ့ စောင်လိုလို့တောင်းရင်လည်း ပေးပါတယ်။ ကားပေါ်ပါတဲ့ ဝန်ထမ်း တွေရဲ့ ဝန်ဆောင်မှုကို ကျေနပ်မှုမရှိရင် ၀၉-၅၁၁၇၆၄၄ကို ဖုန်းဆက်တိုင်ကြား နိုင်ပါတယ် '' လို့ အာကာသယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြင်ဦးလွင်-ရန်ကုန်သို့ အဝေးပြေး ယာဉ်လိုင်း ခုနစ်လိုင်း တိုးချဲ့ပြေးဆွဲ လျက်ရှိပြီး ထပ်မံတိုးချဲ့ပြေးဆွဲခြင်း ကြောင့် ယာဉ်လိုင်း ရှစ်လိုင်း တိုးချဲ့ ပြေးဆွဲပြီးဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး