ဟွန်ဒါကုမ္ပဏီဟာ လာမယ့်ဆယ်စုနှစ်အတွင်း ဂျပန်နိုင်ငံကနေ ကားတင်ပို့တာကို ထက်ဝက်လောက် လျှော့ချမှာဖြစ်ကြောင်း၊ ယန်းငွေတန်ဖိုးမြင့်တက်တာကို ရင်ဆိုင်ကုစားတဲ့အနေနဲ့ အခုလိုဆောင်ရွက်တာဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ က အောက်တိုဘာ ၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဂျပန်မော်တော်ကားထုတ်လုပ်သူတွေဟာ ပြည်တွင်းအရောင်းပမာဏ (Domestic sales) ကို မြှင့်တင်ဖို့အတွက် ကားသေးတွေကို ပိုပြီးထုတ်လုပ်မှာဖြစ်ကြောင်းလည်း ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ ''ယန်းငွေတန်ဖိုး အခုလို မြင့်တက် နေမယ်ဆိုရင်တော့ ဂျန်ပန်နိုင်ငံဟာ ကမ္ဘာမှာ မော်တော်ကားအများအပြားထုတ်လုပ်တင်ပို့တဲ့ နိုင်ငံအဖြစ် ကြာရှည် ရပ်တည်နိုင် မှာမဟုတ်ပါဘူး''လို့လည်း ကုမ္ပဏီဥက္ကဋ္ဌက ရှင်းရှင်းလင်းလင်းပြောကြားလိုက်ပါတယ်။ '' ဟွန်ဒါကုမ္ပဏီဟာ ပြည်တွင်းထုတ်လုပ်မှုရဲ့ ၃၀-၄၀ ရာခိုင်နှုန်းကို ပြည်ပ တင်ပို့နေတာပါ။ ဒါပေမယ့် ငွေတန်ဖိုးမြင့်တက်နေတာကြောင့် အဲဒီလောက် ဆက်လက်တင်ပို့ဖို့ဆိုတာ မလွယ်တော့ပါဘူး''လို့လည်း ၎င်းကသုံးသပ်ပြောကြားပါတယ်။ Source: channelnewsasia၊သိန်းမြင့်ဝေ
Background