ယာဉ်များ ခွင့်ပြုတန်ချိန်ထက် ပိုမိုတင်ဆောင်ပါက ဒဏ်ကြေးကောက်ခံမှာဖြစ်လို့ ယာဉ်များဝိတ်လျှော့ မှု ပြုလုပ်လာ

              ယာဉ်များအား ခွင့်ပြုတန်ချိန်ထက် ပိုမိုတင်ဆောင်ပါက ဒဏ်ကြေးပေးဆောင်ရမှာဖြစ်လို့ ကုန်တင်ယာဉ်များ ဘော်ဒီဖြတ်ချခြင်း၊ လေးပြားနုတ်ခြင်း၊ ဖရိန်ခွာခြင်းနဲ့ တာယာအကြီးမှအသေးသို့ ပြောင်းလဲတပ်ဆင်မှုပြုလုပ်လာကြောင်း သိရပါတယ်။ ]]ယာဉ်မောင်းသမားတွေကို ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ B.O.T ဂိတ်များရဲ့ လမ်း အသုံးပြုခကောက်ခံမယ့် တစ်မိုင်အတွက် နှုန်းထားစာရွက်ပေးတယ်။ ယာယီအပိုထပ်ဆောင်းခွင့်ပြုထားတဲ့ တန်ချိန်အတွင်း တင်ဆောင်လာပါက သတ်မှတ်ကျသင့်ငွေအပြင် တစ်တန် တစ်မိုင်အခြေခံနှုန်း ၄၀ ကျပ်သတ်မှတ်ပြီး ပိုမိုတင်ဆောင်လာတဲ့ တန်များအတွက် တစ်တန် တစ်မိုင်လျင် အခြေခံနှုန်းရဲ့ ၃ဆဖြစ်တဲ့ ၁၂၀ ကျပ်နှုန်းဖြင့် တွက်ချက်ကာ ဒဏ်ကြေး အဖြစ်ထပ်ပေါင်းကောက်ခံသွားမယ်။ သတ်မှတ်ကျသင့်ငွေအပြင် ပိုမိုတင်ဆောင်လာတဲ့ တန်များအတွက် တစ်တန် တစ်မိုင်လျှင် အခြေခံနှုန်းရဲ့ ၁၀ဆဖြစ်တဲ့ ၄၀၀ ကျပ်နှုန်းနဲ့ တွက်ချက်ပြီး ဒဏ်ကြေးအဖြစ်ထပ်ပေါင်း ကောက်ခံသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ယာဉ်တွေကို ဝိတ်လျှော့နိုင် သမျှ လျှော့လို့ရအောင် ပြုလုပ်နေရတယ်}}လို့ ကုန်ပို့ဆောင်ရေးဂိတ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။                B.O.T ဂိတ်များရဲ့ လမ်းအသုံးပြုခကောက်ခံတဲ့ တစ်မိုင်အတွက်နှုန်းမှာ ကိုယ်ပိုင်ယာဉ်ငယ်များ၊ အငှားယာဉ်များ၊ ထော်လာဂျီ၊ မှန်လုံယာဉ်ငယ် ၇ ယောက်စီးအထိ ၅ ကျပ်၊ ကုန်တင်ယာဉ်၊ ဟိုင်းလတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ မှန်လုံယာဉ်ငယ် ၉ ယောက်စီးနဲ့အထက်၊ ထော်လာဂျီ (ကုန်တင်) များအတွက် ၁၅ ကျပ်၊ ၂ တန်မှ ၅ တန် အထိ ခရီးသည်နဲ့ ကုန်တင်ယာဉ်အတွက် ၂၅ ကျပ်၊ အတက်ခရီးသည်တင်ယာဉ်ကြီးနဲ့ မှန်လုံယာဉ်ကြီး ၅၀ ကျပ်၊ ၅ တန်အထက်မှ ၁၆ တန်အထိ (ဝင်ရိုး ၂ ခုပါ) ကုန်တင်ယာဉ်ကြီး ၁၀၀ ကျပ်၊ ယာဉ်+ကုန် ၂၁တန်(ဝင်ရိုး ၃ ခုပါ) ကုန်တင်ယာဉ်ကြီး ၁၀ ဘီးကား ၁၂၅ ကျပ်၊ ယာဉ်+ကုန် ၂၅ တန် (ဝင်ရိုး ၄ခုပါ) ကုန်တင်ယာဉ်ကြီး ၁၂ ဘီးကား ၁၅၀ကျပ်၊ ယာဉ်+ကုန် ၃၄ တန် (ဝင်ရိုး ၄ခုပါ) ကုန်တင်ယာဉ်ကြီး ၁၄ ဘီးကား နောက်တွဲပါ ၂၀၀ ကျပ်၊ ယာဉ်+ကုန် ၄၆ တန် (ဝင်ရိုး ၅ ခုပါ) ကုန်တင် ယာဉ်ကြီး ၁၈ ဘီးကား နောက်တွဲပါ ၃၀၀ ကျပ်၊ ယာဉ်+ကုန် ၅၅ တန် (ဝင်ရိုး ၆ ခုပါ) ကုန်တင်ယာဉ်ကြီး ၂၂ ဘီးကား နောက်တွဲပါ ၄၀၀ ကျပ်၊ ကုန်တင်ယာဉ်ကြီးများ ကုန်မပါအလွတ်ဖြစ်ပါက ၁၀၀ ကျပ် သတ်မှတ်လိုက်ကြောင်းသိရပါတယ်။ ဇူးဇူး