Main menu

Background

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကျန်ရှိကာလများတွင် ရွှေတစ်အောင်စလျှင် ၁၆၀၀ ဒေါ်လာမှ ၁၇၀၀ ဒေါ်လာအကြား ပြောင်းလဲ အရောင်းအဝယ်ဖြစ်နေနိုင်ဟု John Stephenson ပြောကြား

Mon, 10/10/2011 - 08:40 -- Anonymous (not verified)

                   စက်တင်ဘာ ၆ ရက်က တစ်အောင်စကို ၁၉၂၃ ဒသမ ၇၀ ဒေါ်လာအထိ ရောက်ရှိစံချိန်တင်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေး နှုန်းတွေက စက်တင်ဘာ ၂၆ ရက်မှာ တစ်အောင်စကို ၁၅၃၅ ဒေါ်လာအထိ ပြန်လည်ကျဆင်းသွားခဲ့တယ်။ ရက် ၂၀ အတွင်း ဈေးနှုန်းကွာခြားချက်မှာ ၂၀ ဒသမ ၂၀ ရာခိုင်နှုန်း ဖြစ်တဲ့အပြင် စက်တင်ဘာလ တစ်လတည်း ရွှေဈေး ကျဆင်းမှု ရာခိုင်နှုန်းမှာ ၁၁ ရာခိုင်နှုန်း ဖြစ်ရာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းလအလိုက် ဈေးနှုန်းကျ ဆင်းမှု ရာခိုင်နှုန်း အများဆုံး ပမာဏ ဖြစ်တယ်လိ့ု Bloomberg သတင်းမှာ ဖော်ပြထားတယ်။                      ရွှေဈေးနှုန်း ကျဆင်းရခြင်းမှာ ကန်ဒေါ်လာတန်ဖိုး မြင့်လာလို့ဖြစ်ကြောင်း၊ လက်ရှိ စီးပွားရေး အကျပ်အတည်း ကာလအတွင်း ကန်ဒေါ်လာကို ရွှေ ထက် လုံခြုံစိတ်ချရတယ်လို့ ထင်မှတ် နေကြကြောင်း၊ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်း အထိ ကျန်ရှိကာလတွေမှာ ရွှေတစ် အောင်စကို ၁၆၀၀ ဒေါ်လာမှ ၁၇၀၀ ဒေါ်လာအကြား ပြောင်းလဲအရောင်း အဝယ်ဖြစ်နေနိုင်တယ်လို့ ကနေဒါနိုင်ငံ တိုရွန်တိုရှိ  First Asset Investment Management Inc.,မှ ဒုဥက္ကဋ္ဌနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မန်နေဂျာ John Stephenson က ပြောကြားပါတယ်။ အောက်တိုဘာ ၃ ရက် ဂရင်းနစ် စံတော်ချိန် ဝရး၀၂ နာရီမှာ ရွှေလက် ငင်းအရောင်းဈေးနှုန်းမှာ တစ်အောင်စ ကို ၁၆၄၂ ဒသမ ၀၉ ဒေါ်လာ ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ှSource:Bloomberg.comပပ