Main menu

Background

အီးယူအနေဖြင့် ၎င်းင်း၏ ကြွေးမြီအကျပ်အတည်းကို ထိန်းချုပ်နိုင်မည့်လက္ခဏာများကြောင့် ရေနံစိမ်းဈေးနှုန်းမြင့်လာ

Mon, 10/10/2011 - 08:39 -- Anonymous (not verified)

                      အောက်တိုဘာ ၆ ရက်က နယူးယောက်မှာ ရေနံစိမ်းဈေးနှုန်း ဒုတိယ မြောက်နေ့အဖြစ် မြင့်မားလာတယ်လို့ သိရတယ်။ စီးပွားရေးဆိုင်ရာ စာရင်း ဇယားတွေ မျှော်လင့်ထားတာထက် အခြေအနေ ပိုမိုကောင်းမွန်လာခြင်း၊ အီးယူအနေနဲ့ ၎င်းင်းရဲ့ ကြွေးမြီအကျပ် အတည်းကိုထိန်းချုပ်နိုင်မယ့် လက္ခဏာ တွေက ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ် ပူပန်မှုကို လျော့ကျစေခြင်းတို့ကြောင့် ရေနံစိမ်းဈေးနှုန်း မြင့်လာကြောင်း သိရတယ်။                    ဒါကြောင့် နိုဝင်ဘာလအရောက် ပို့ရေနံစိမ်းက တစ်စည်ကို ၁ ဒသမ ၂၉ ဒေါ်လာ မြင့်မားကာ ၈၀ ဒသမ ၉၇ ဒေါ်လာနဲ့နယူးယောက်ကုန်စည်ရောင်း ဝယ်ရေးမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရတယ်။ နိုဝင်ဘာလ ငွေချေမယ့် ဘရန့်အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို သုည ဒသမ ၉ ရာခိုင်နှုန်း မြင့်မားကာ ၁၀၃ ဒသမ ၆၄ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ Source:Bloomberg.com၊ ပပ