Main menu

Background

ပြည်တွင်းဈေးကွက် ဈေးနှုန်း(ဘိလပ်မြေ)

Mon, 10/10/2011 - 09:46 -- Anonymous (not verified)

ဒီသီတင်းပတ် ဘိလပ်မြေတန်ချိန် ခုနစ်သောင်းကျော်တင်သွင်း                     စက်တင်ဘာလနောက်ဆုံးပတ်မှာတော့ ဘိလပ်မြေတန်ချိန် ခုနစ်သောင်းကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆၁ သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ တရုတ်နိုင်ငံမှ ဆင်တံဆိပ်နဲ့ အခြား တံဆိပ် ဘိလပ်မြေတန်ချိန် ၂၃၅၇ ဒသမ ၆၇ နဲ့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်၊ စိန်တံဆိပ် နဲ့ အခြားတံဆိပ်ဘိလပ်မြေမျိုးစုံ ၇၂၁၂၇ ဒသမ ၀၃ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခုနစ်ထောင်ကျော်သာ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာ ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။                       လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာတစ်လရဲ့ ဘိလပ်မြေတင်သွင်းမှု က တန်ချိန်တစ်သိန်းလေးသောင်းရှိခဲ့ပြီး ၂၀၁၁ သြဂုတ်လရဲ့ ဘိလပ်မြေတင်သွင်းမှု မှာ တန်ချိန် တစ်သိန်းခြောက်သောင်းကျော် ရှိခဲ့တာကြောင့် စက်တင်ဘာလရဲ့ ဘိလပ်မြေတင်သွင်းမှုက သြဂုတ်လအဝင်ထက် တန်ချိန်အနည်းငယ်လျော့နည်းခဲ့ တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှ ဘိလပ်မြေ တန် ၂၇၀၀ ကျော် အသွင်းရှိ                        စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၀ ဒသမ ၂၅၃ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၂၇၁၅ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၃၄၆ တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၁၁၀၁ တန်၊ မြိတ်မှ ၇၃၂ တန်၊ ကန်ပိုက်တီးမှ ၈၃၂ တန်နဲ့ မောင်တောမှ တန် ၅၀ အသွင်းရှိခဲ့ပါတယ်။ စက်တင်ဘာလမှာ နယ်စပ်မှ ဘိလပ်မြေ ၅၁၀၇ တန် တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း           ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်  တိုင်းဒေသကြီး/  ပြည်နယ်  အမျိုးအစား                 ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ်  ယခုအပတ် ပြောင်းလဲမှု  ရန်ကုန်တိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း  ၄၇၀၀  ၄၇၀၀  (လက်ကား)  ဘိလပ်မြေ (စိန်)          ၄၆၀၀  ၄၆၀၀   ဘိလပ်မြေ (မောင်းတိန်း)  ၄၆၀၀  ၄၆၀၀  မန္တလေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း  ၅၈၀၀  ၅၉၀၀   ဘိလပ်မြေ (AAA)      ၅၁၀၀  ၅၁၀၀   ဘိလပ်မြေ(မြန်မာဆင်) ၄၉၀၀  ၄၈၀၀   ဘိလပ်မြေ(ဆင်မင်း)     ၄၀၀၀  ၄၂၀၀   ဘိလပ်မြေ(ကျားခေါင်း)    ၅၁၀၀  ၅၁၀၀   ဘိလပ်မြေ(မြင်းခေါင်း) ၄၂၀၀  ၄၂၀၀  တောင်ငူ  ဘိလပ်မြေ(ကြံ့)ထိုင်း၅၅၀၀  ၅၅၀၀   ဘိလပ်မြေ(ဆင်)ထိုင်း     ၆၀၀၀  ၆၀၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၅၀၀၀  ၅၀၀၀   ဘိလပ်မြေ(Lucky)ပါကစ္စတန်  ၅၅၀၀  ၅၅၀၀  တောင်ကြီး  ဘိလပ်မြေ(စိန်)ထိုင်း      ၆၅၀၀  ၆၅၀၀   ဘိလပ်မြေ(ခြင်္သေ့)  ၅၃၀၀  ၅၃၀၀   ဘိလပ်မြေ(ကျားခေါင်း)      ၅၅၀၀  ၅၅၀၀   ဘိလပ်မြေ(နဂါး)  ၅၃၀၀  ၅၃၀၀  မော်လမြိုင်  ဘိလပ်မြေ(ဆင်)ထိုင်း  ၅၁၀၀  ၅၃၀၀   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး  ၃၆၀၀  ၃၆၅၀၀   ဘိလပ်မြေ(စိန်)ထိုင်း  ၄၉၅၀  ၅၁၅၀၀  မကွေးတိုင်းဒေသကြီး  ဘိလပ်မြေ(စိန်)ထိုင်း            -   ၅၅၀၀ -  ဘိလပ်မြေ(မြင်းခေါင်း)  ၄၅၀၀  ၄၃၀၀   MIRT (MAPT)