Main menu

Background

နို့ဆီ/နို့စိမ်း

Mon, 10/10/2011 - 10:05 -- Anonymous (not verified)

နို့ဆီ/နို့စိမ်း                 ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်နေ့ တာကာလအတွင်း နို့ဆီ ၃၂၂ ဒသမ ၅၀ တန်နဲ့ နို့ဆီ ၄၄၅ ဒသမ ၉၁ တန် စုစုပေါင်း ၇၆၈ ဒသမ ၄၁ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းကျော် ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှု ကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်း ပတ်မှာတော့ OKတံဆိပ်နို့ဆီ ၃၂၂ ဒသမ ၅၀ တန်နဲ့ Dawn တံဆိပ် နို့စိမ်း ၄၄၅ ဒသမ ၉၁ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်က နို့ဆီ ၁၄၈ ဒသမ ၃၅ တန်နဲ့ နို့စိမ်း ၃၀၉ ဒသမ ၈၃ တန်တင်သွင်းခဲ့ တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီ/စိမ်း အဝင်ပိုခဲ့တယ်လို့ ဆိုရပါမယ်။                    လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာလရဲ့ နို့ဆီအဝင် စုစုပေါင်းမှာ တန်ချိန် တစ်ထောင့်လေးရာကျော် ရှိခဲ့ပြီး သြဂုတ်လရဲ့ နို့ဆီအဝင်မှာ တန်ချိန် တစ် ထောင့်ရှစ်ရာကျော်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ နို့ဆီအဝင်အားပျော့ ခဲ့ပါတယ်။ နို့စိမ်းက စက်တင်ဘာလမှာ တန်ချိန်စုစုပေါင်း ၉၆၀ ကျော် ဝင်ခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၂၀၀ ကျော်သာ ဝင်ခဲ့တာကြောင့် စက်တင်ဘာလမှာ နို့စိမ်းကသိသိသာသာအဝင်ပိုခဲ့ပါတယ်။ နို့မှုန့်က စင်ကာပူ၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ တရုတ် စတဲ့နိုင်ငံစုံမှ နို့မှုန့်များကို မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလရဲ့ နို့မှုန့်တင်သွင်းမှု စုစုပေါင်းမှာ တန်ချိန် ၃၈၀ ကျော်ရှိခဲ့ပြီး သြဂုတ်လရဲ့ နို့မှုန့်အဝင်က တန်ချိန် စုစုပေါင်း ၄၃၀ ကျော် ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ နို့မှုန့်အဝင် အား လျော့ခဲ့ပါတယ်။MIRT(DOT) ယခုအပတ် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းရှိ                     စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိကာလအတွင်း မြန်မာထိုင်း နယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၃၈၅၀၀ တန်ဖိုးရှိ နို့ဆီ ၄၂ တန် (၂၂၀၀ တာ )၊ ကန်ဒေါ်လာ ၇၅၉၀၀ တန်ဖိုးရှိ နို့စိမ်း တန် ၈၀ (၄၂၀၀တာ)အသွင်းရှိခဲ့ပ့ါတယ်။ ယခင် အပတ်ကထက် နို့ဆီ ၁၆ တန်နဲ့ နို့စိမ်း ၄၈ တန် ပိုမိုတင်သွင်းခဲ့ပါတယ်။ စက် တင်ဘာလအတွင်း နို့ဆီ ၁၅၈ တန်နဲ့ နို့စိမ်း ၂၇၀ တန် တင်သွင်းထားပြီး ဖြစ် ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၁၀၅ သန်းတန် ဖိုးရှိ နို့မှုန့် ၃၇ တန် အသွင်းရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ နို့မှုန့် ၆၃ တန်ကျော်တင်သွင်းထားပြီးဖြစ်ပါ တယ်။ MIRT(DOBT)