Main menu

Background

ကုန်စည်ဝယ်လိုအားနည်းတာကြောင့် စားအုန်းဆီကြမ်းဈေး ၂၀၁၁ ခုနှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းလာ

Mon, 10/10/2011 - 10:08 -- Anonymous (not verified)

               ကမ္ဘာ့စီးပွားရေးနှေးကွေးတဲ့ အလားအလာကြောင့် ကုန်စည်ဝယ်လိုအား နည်းလာခြင်းနဲ့အတူ ချီကာကိုမှာ ပဲပုပ်ဆီဈေးကျဆင်းလာတဲ့အတွက် ဘာစာ မလေးရှားကုန်စည်ဒိုင်မှာ အောက်တိုဘာလ ၅ ရက်နေ့ စားအုန်းဆီ ကြမ်းကြိုပွိုင့် ဈေးဟာ ၂၀၁၁ ခုနှစ်မှာ အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ဒီဇင်ဘာလ စာချုပ်ဈေး ဟာ ယခင်နေ့ထက် သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန်ကို ရင်းဂစ် ၂၇၈၀ (ကန်ဒေါ်လာ ၈၇၂)ဈေးဖြစ်ခဲ့ပါတယ်။                 ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ ၂ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၄၉ ဆင့် (တစ်တန် ကန်ဒေါ်လာ ၁၀၈၀)ဈေးဖြစ်ခဲ့ပါတယ်။ ရေနံဈေးနဲ့ ပဲပုပ်ဆီဈေးကျဆင်းခြင်းကြောင့် သိုလှောင်မှုမြင့်တက်ပြီး ဝယ်လို အားနည်းနေတဲ့ စားအုန်းဆီဈေးလည်း ကျဆင်းလာတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ စက်တင်ဘာလကုန် စားအုန်းဆီသိုလှောင်မှုဟာ တန်ချိန် ၂ သန်းနီးပါးထိရှိလာပြီး၊ သြဂုတ်လကုန်မှာ တန်ချိန် ၁ ဒသမ ၈၈ သန်းရှိခဲ့ပါတယ်။ စားအုန်းဆီအဓိက စားသုံးတဲ့ အိန္ဒိယမှာလည်း ယခုလကုန်မှာ ဒီဝါလီပွဲတော်ပြီးရင် ဝယ်လိုအားကျဆင်းဖွယ်ရှိတာကြောင့် အောက်တိုဘာလ မလေးရှားစားအုန်းဆီ သိုလှောင်မှု ထပ်မံတိုးတက်နိုင်တယ်လို့ ဆိုပါတယ်။                       ဈေးကွက်မှ ကမ္ဘာ့စီးပွားရေးအကြီးဆုံး အမေရိကန်ရဲ့အခြေအနေကို စောင့် ကြည့်နေကြပါတယ်။ တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်ဟာလည်း အမျိုးသားပိတ် ရက်ရှည်အပြီး လာမယ့်တနင်္လာနေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဈေးပြန်ဖွင့်ပါက စားအုန်းဆီဈေးကွက်ကို အထောက်အပံ့ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ လက်ငင်း ဈေးကွက်မှာ မလေးရှားဆိပ်ကမ်း FOB ဈေးဟာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက် သန့်စင်ပြီး စားအုန်းဆီ(Refined Palm Olein) ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၉၄၂ ဒသမ ၅၀ နဲ့ ဧပြီ၊ မေ၊ ဇွန်လဈေးဟာ ကန် ဒေါ်လာ ၉၄၂ - ၉၄၅ ဒသမ ၅၀ ရှိပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီ ကြမ်းလက်ငင်းဈေးကတော့ ရင်းဂစ် ၂၀ လျော့ကျပြီး ရင်းဂစ် ၂၈၃၀ (ကန်ဒေါ်လာ ၈၈၈)ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန Source: palmoilhq.com